စစ်ကောင်စီက ၂ နှစ်ကျော်ကာလအတွင်း အ ရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး အ ရပ်သား ၆၃၄ ဦး သေဆုံး

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလ အတွင်း အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး အရပ်သား ၆၃၄ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေ သနအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူရန်ကြိုး ပမ်းခဲ့ တဲ့ အချိန်မှစတင်ပြီး လူမျိုးစု တော်လှန် ရေးအင်အားစုများ၊ နွေဦးတော် လှန်ရေးနှင့်အတူပေါက်ဖွားလာကြသည့် တော်လှန်ရေးအစုအဖွဲ့များ၊ အရပ် သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှ်များ တိုးမြှင့် လုပ် ဆောင်လာခဲ့ကြောင်း၊ ၂၀၂၃ ဧပြီလအထိ ၂ နှစ်ကျော် ကာလအတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၄၂၇ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ပြည်သူ ၆၃၄ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က အရပ်သားများကို ဦးတည်တိုက်ခိုက်ပြီး “ဖြတ်လေးဖြတ် စီမံချက်”ဖြင့် အရပ်သားများကို ပစ်မှတ်ထား သော စစ်ရေးဗျူဟာကို အသုံးပြုနေခြင်းဖြစ်ကြောင်း အဆိုပါ သုတေသနအဖွဲ့က ဆိုသည်။

ချင်းပြည်နယ်တစ်ခုတည်းတွင်ပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား ၆၄ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း ချင်းရေးရာ အဖွဲ့ချုပ်က ပြောသည်။

စစ်ကောင်စီတပ်သည် ၂ နှစ်ကျော် ကာလအတွင်း ခုခံတော်လှန်ရေး အားကောင်း သည့် နေရာဒေသများကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာ ပြီး ဦးတည်ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်နေကြောင်း၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း၊ ထို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာ၌ စစ်ကောင်စီ၏ အင်အားချိနဲ့လာခြင်း၊ ဒေသခံခုခံတွန်းလှန်ရေးအဖွဲ့များ ပိုမိုအားကောင်းလာခြင်းတို့ကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းစစ်ကူများကို တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြောင်း ချင်းရေးရာ အဖွဲ့ချုပ်က ထောက်ပြထားသည်။

စစ်ကောင်စီတပ်သည် ချင်းအမျိုးသားများနေထိုင်ရာ (ချင်းပြည်နယ်နှင့် ကလေးခရိုင်) အတွင်းသို့ ၂၀၂၁ခုနှစ်မှ ၂၀၂၃ခုနှစ် ဧပြီလ ၃၀အထိ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါကြောင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား ၆၄ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး ၁၄၇ ခုထက်မနည်း ပျက်စီးခဲ့ရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ၏ ၇၁ ဒသမ ၄၂ ရာခိုင်နှုန်းသည် ၂၀၂၃ ခုနှစ် ပထမလေးလ (ဇန်နဝါရီမှ ဧပြီလ) အတွင်း ဖြစ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် ၂၀ ဒသမ ၇၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၇ ဒသမ ၇၉ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s