စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃၅၆၀ ကျော်ထိ မြင့်တက်လာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၅၆၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၆၂၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၂၂ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေ ဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၃၀၈ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၆,၀၂၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံ ထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံ ထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၁၆ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်က မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို  မုံရွာအကျဉ်းထောင် တွင်းတရားရုံးကနေ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန် ကန်မှုပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ်အနှစ် ၂၀ ထပ်မံချမှတ်ခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ်  ၅၂ နှစ် ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၅ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် အကြမ်းဖက်စစ်အုပ်စုက ကားနဲ့ဝင်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် သူ့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ၅ မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ ထောင် ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၁၄၈၊ ၃၂၃ (က)၊ ၃၉၅ နဲ့ ၃၉၇ တို့နဲ့ ထောင်ဒဏ် ၂၀ နှစ် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ် ချမှတ် ခံထားရပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၁၉ တရက်တည်းမှာပဲ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှာ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက အဆိုပါကျေး ရွာဆီ ရောက်ရှိလာပြီး မေ ၂၀ ရက်မနက်ပိုင်းအချိန်မှာတော့ အမျိုးသမီးတယောက်အပါအဝင် ဒေ သခံ ၇ ယောက်ကို ပုလောမြို့ အခြေစိုက် ခလရ-၂၈၅ တပ်ရင်းဆီ ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s