တနင်္သာရီမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စီးပွားရေး လုပ်ငန်းရှင် ၁ဝ ဦးကို  စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၂၀ ရက်နဲ့ ၂၁ ရက် မနက် ၂ နာရီလောက်မှာ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက တပ်သားတွေအပြင် ရေဖြူဗျူဟာကုန်းက တပ်သားတွေနဲ့ စရဖ အင်အား ၂၀ ကျော်နဲ့ ရေဖြူကျေးရွာက နေအိမ်တွေမှာ ဝင်ရောက်ဖမ်းခေါ်သွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ရေဖြူကျေးရွာက ၇ ဦးနဲ့ ဗျူဟာကုန်းက ၃ ဦးပါဝင်ပြီး ကုန်စုံဆိုင်ပိုင်ရှင်၊ ထမင်းဆိုင်ပိုင်ရှင်၊ ဆီဆိုင်ပိုင်ရှင်တွေနဲ့ လုပ် ငန်းရှင်တွေဖြစ်ကြကာ အသက် ၅၀ ကျော်နဲ့ ၆ဝ အရွယ် လူကြီးတွေထဲက ဖြစ်ကြတယ်လို့ သိရပါတယ်။

ကျေးရွာနေ ပြည်သူတဦးက “ဈေးဆိုင်ကြီးကြီး ပိုက်ဆံရှိတဲ့သူတွေပဲ ရွေးပြီးဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းသွားလဲ မသိရဘူး။ အားလုံးက အသက်ကြီးပိုင်းတွေထဲကပဲ” လို့ ပြောပါတယ်။

အဆိုပါ ဒေသခံပြည်သူ ၁၀ ဦးစလုံးကို ခမရ ၅၅၇ တပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပြီး PDF နဲ့ ပတ်သက်‌လို့ဆိုကာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကနေ ဒေသခံ ၂ဝ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပင်စင်ယူထားတဲ့ ဆရာမ ၁ ဦး အပါအဝင် အမျိုးသမီး အများအပြား ဖမ်းဆီးခံရကာ အဲဒီထဲက အမျိုးသမီး ၉ ဦးကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်မှာ မတရားဖမ်းဆီးခံနေရတဲ့ ဒေသခံပြည်သူတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s