တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ ရဲစခန်း နှင့် မင်းကန်ရွာအနီး တရုတ်ဓာတ် ငွေ့ပိုက်လိုင်းအစောင့် စစ်တပ်ကို ယမန်နေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာရဲစခန်းအနီး တရုတ်ပိုက်လိုင်းအစောင့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း ၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးပစ်ခတ်ချိန်သည် ၁၅ မိနစ် ဝန်းကျင် ကြာမြင့်ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

“ပစ်ခတ်မှုဖြစ်တာက မနေ့ည ၇ နာရီ ဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်တာ။ တောင်သာမြို့တောင်ဘက် မင်းကန်ရွာအနီး တရုတ်ပိုက်လိုင်းစောင့် စစ် တပ်တွေနဲ့ ပစ်ကြတာ။ တောင်သာရဲစခန်းနဲ့က ၃ မိနစ်လောက်ပဲ သွားရတဲ့ အကွာအဝေးမှာရှိတာ။ ပစ်ခတ်မှုက အကြာကြီးမဖြစ်လိုက်ဘူး။ အဲ ဒီနေရာက မြင်းခြံကို ဓာတ်ငွေ့ခွဲပို့တဲ့နေရာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်မှုဖြစ်စဉ်သည် ညဘက်ဖြစ်ပွားခြင်းဖြစ်၍ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ်နှင့် စစ်သား ထိ ခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s