ပခုက္ကူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းကို ပစ် ခတ် တိုက်ခိုက်၊ ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း၊ ပခုက္ကူမြို့နှင့် အရှေ့ချောက်ကန်ကြား ယောင်းမစွန်းဆီဆိုင်အနီး၌ ဂိတ်ဖွင့်ကာ ဆတ်ကြေး ကောက်နေသော အကြမ်းဖက်စစ်သား ၄ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Chauk Guerill Force (CGF)မှ တာဝန်ခံဘကွန်းက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၂ ရက် နေ့လည် ၁ နာရီခွဲခန့်က ပခုက္ကူ- မြိုင်လမ်းမပေါ် ပခုက္ကူမြို့အထွက် လမ်းပေါ် တွင် ပြည်သူလူထုထံမှ မတရားအဓမ္မ ငွေကြေးတောင်းခံနေသော အကြမ်းဖက်စစ်သား ၄ ဦးကို အလစ် အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အနီးနားမှာရှိနေတဲ့ ၃ ဘီးဆိုင်ကယ်က စစ်ခွေးတွေအတွက် အကာအကွယ်ပုံစံမျိုးဖြစ်သွားတာ၊ အပြန် အလှန်ပစ်ခတ်မှုက ၈ မိနစ်လောက်ပဲ ကြာခဲ့တယ်၊ ပခုက္ကူမြို့နဲ့လည်းနီးတယ်၊ အနီးအနားမှာလဲ တပ်ရှိ တယ်၊ ကျနော်တို့ ဆုတ်လာပြီးတော့ စစ်ကူထပ်ရောက်လာတယ်လို့ သိရတယ်” ဟု Chauk Guerill Force (CGF)မှ တာဝန်ခံ ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို King Fighter KF People Defence Force ၊ MRP Revolution Force (မြိုင်) နှင့် Chauk Guerilla Force -Chauk (ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့) တို့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲများနှင့် အနီးကပ်နေထိုင်သွားမပြုကြရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း လှည်ပတ်မီးရှို့နေသော အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း Kanbalu Undergroung Warriors တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဇီးကုန်းတိုက်နယ်တအွင်းရှိ ဘုတ်ကုန်းရွာ၌ ယာယီအထိုင်ချ တပ်စွဲ ထားသော အင်အား ၁၅၀ ခန့်ပါ ခမရ ၃၆၈ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အလားတူ မေလ ၂၀ ရက် ဘုတ်ကုန်းရွာမှ ထွက်ခွာစဉ် နောက်ချန်အကြမ်း ဖက်စစ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်စဉ် အကြမ်းဖက်စစ်သားများ အထိနာပြီး ရှေ့ဆက်မတိုးတော့ပဲ ဘုတ်ကုန်းကျေးရွာအတွင်း ပြန်ဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Underground Warriors ၊ မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့ ၊ MPF-U 18၊ လင်း ယုန်နီ ၊ နယ်မြေခံ ပ က ဖ အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဘုတ်ကုန်းကျေးရွာအတွင်း၌ အင်အားထပ်ဖြည့်ပြီး ဘုတ်ကုန်းရွာမှ ထပ်မံ ထွက်ခွာစဉ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရွာအတွင်းသို့ ထပ်မံပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ဘုတ်ကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မေလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် ဘုန်းကုန်းကျေးရွာမှ အနောက်တောင်ဘက်သို့ ထွက်ခွာ သွားပြီး မင်းရွာတောကျေးရွာ၌ ယာယီစခန်းချနားနေသည်ဟု ဆိုသည်။

ယင်းအကြမ်းဖက်စစ်သားများသည် မေလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် ကန့်ဘူမြို့နယ်၊ ကျန်ကျည်း ကုန်းရွာနှင့် ဆူးတပ်ရွာကို မီးရှိုခဲ့ပြီး ဘုတ်ကုန်းရွာအတွင်းဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s