ပေါင်းတည်မြို့တွင် ပျူခေါင်းဆောင်သတင်း ပေး ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့တွင် ညောင်နီပင်ကျေးရွာ ၏ ရာအိမ်မှူး ပျူသင်တန်းဆင်း ပျူစောထီးခေါင်းဆောင် သတင်းပေးဆိုသူ ဦးသန်းနိုင်(ခေါ်) နိုင်ကြီးအား မေလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၃၀ခန့်တွင် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)မှ ပစ်ခတ်ခဲ့သည်ဟု PPDF ပြန်ကြားရေးတာဝန်ခံမှ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသန်းနိုင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။

“ညောင်နီပင်ရွာက သူ့ယောက်ဖအိမ်မှာပဲ အနီးကပ်ပစ်ခတ်ခဲ့တာပါ၊ တခြားဘေးလူထိခိုက်မှုမရှိပါဘူး” ဟု PPDF ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ပစ်ခတ်ခံရသူ ဦးသန်းနိုင်သည် ညောင်နီပင်ရွာသား အုပ်စုအုပ်ချုပ်ရေးမှူးအား ကြိုးကိုင်ထားသူဖြစ်ပြီး ရွာရှိ ၎င်းနှင့်မတည့်သူ လူငယ်များအား PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ်သို့ သတင်းပေးတိုင်ကြားခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏စခန်းချရာ နေရာများကို ထောက်လှမ်းကာ စစ်ကောင်စီတပ်ကိုသတင်းပေးခြင်းနှင့် ပျူစောထီးသင်တန်း ဦးဆောင်ပေးနေခြင်းများ လုပ်ဆောင်နေသူဖြစ်သောကြောင့် ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ်တွင် ယခု မေလအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့်ကြား တိုက်ပွဲပေါင်း ရှစ်ကြိမ်ထက်မနည်းဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းပြန်ကြား ရေး၏ ထုတ်ပြန်ထားသောအချက်အလက်များအရ သိရသည်။

စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်းတပ်စွဲထားသော ပြည်သူ့ကာကွယ်ရေးတပ်များအား တိုက်ခိုက်ချေမှုန်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ရိုးမဘက်သို့ စစ်ကြောင်းထိုးခြင်း၊ သတင်းထောက်လှမ်းခြင်းများပြုလုပ်နေသောကြောင့် စစ်ရေးအခြေအနေတင်းမာနေခြင်းဖြစ်သည်။

ထိုကဲ့သို့စစ်ရေးအခြေအနေတင်းမာနေသောကြောင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သော အုပ်ချုပ်ရေးမှူးများ သတင်းပေးများနှင့် ပျူစောထီးများကိုပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်နေပြီဖြစ်ကြောင်း PPDF ပြန်ကြားရေးတာဝန်ခံမှ အသိပေးထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s