ပြည်မြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးစိုပြေလင်း မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးစိုပြေလင်းဟာ သူ့တပ်ထဲက တပ်ကြပ်ကြီးတယောက်ရဲ့ သမီးကို အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာကြောင့် တပ်ကြပ်ကြီးမိသားစုက (ကပလို့စ)တပ် တပ်မှူးကြီးထံ မုဒိမ်းမှုနဲ့ အမှုဖွင့်တိုင်ကြားခဲ့တယ် ပြည်မြို့ခံတွေထံက သိရပါတယ်။
ပြည်(စရဖ)ရုံးနဲ့နီးစပ်တဲ့ ဒေသခံတယောက်က “အဲဒီအမှုကို တနေ့ကပဲ စုံခုံစစ်ဆေးခဲ့ပါတယ်။ ကောင်မလေးဘက်ကို အရင်စစ်နေချိန်မှာပဲ တ ရားခံဗိုလ်မှူးဟာ ပျောက်သွားတာ။ ဒီနေ့အထိဆို ၃ ရက်လောက်ရှိနေပြီပေါ့။ ပထမကြားတာ ထွေအုပ်ရုံးကနေကြားတာ၊ အဲ့ဒါနဲ့သေချာအောင် အဲ့ဒိ ဗိုလ်မှူးကိုးကွယ်နေတဲ့ ဘုန်းကြီးကျောင်းမှာ စုံစမ်းကြည့်တော့မှ ဟုတ်တယ်ဆိုတာကို သိရတာ။ သူက (ဒကစ)မှူးနဲ့ တော်တော်အဆင်ပြေတာ၊ ပြည်မြို့နယ်ထဲက စီးပွားရေးသမားတွေဆီက ရတဲ့ ဟာတွေကိုသူက (ဒကစ) ဗိုလ်မှူးဆီကို ပို့တာ။ အဲဒီတော့ ဗိုလ်မှူးက အရမ်းသဘော ကျတာ။ အခုလည်း (ဒကစ)ထဲမှာ သူ့ကို ဝှက်ပေးထားတယ် ထင်တယ်၊ တပ်ထဲမှာတော့ မရှိတော့ဘူးတဲ့၊ ကောင်မလေး အသိုက်အ ဝန်းဘက်က ကြားရတာ။ ကောင်မလေးအဖေကို လျော်ကြေးငွေပေးပြီး ညှိနေတယ်။ သူ့အဖေကိုလည်း ပင်စင်ချပေးမယ်လို့ အာမခံထားတယ်” လို့ ပြော ပါတယ်။
ဗိုလ်မှူးစိုပြေလင်းက (ကပစ-ရ) တပ်ထဲမှာနေပြီး၊ ပြည်မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးထားတာကြောင့် လတ်တလော ပြည်မြို့နဲ့(ကပစ-ရ)နဲ့ကို သွားလိုက်ပြန်လိုက်လုပ်နေကာ သူ့မိသားစုကိုတော့ (ကပစ-ရ) ကျော်စွာမှာပဲ ထားတယ်လို့သိရပါတယ်။ DVB