ဖားကန့်တွင် အမျိုးသား ၁ ဦး သေနတ်ပစ်ခံရ

ကချင်ပြည််နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်တွင် ယမန်နေ့ မေလ ၂၂ ရက် နေ့လယ်ပိုင်း ၂ နာရီကျော်အချိန်လောက်က အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး အခြေအနေစိုးရိမ်ရ​​ကြောင်း ဒေသခံများက ဆိုကြသည်။

ဖားကန့်မြို့ မော်ဝှမ်းရှိ မျိုးသန့် ဆံပင်ညှပ်ဆိုင်အနီးရှိ ကွမ်းယာဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် လူငယ်များက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“လမ်းမှာကားတွေ ဆိုင်ကယ်တွေရှုပ်နေတဲ့အချိန် ပစ်သွားတာဟုတ်တယ်။ ဆိုင်ကယ်နဲ့ပဲ ဟုတ်တယ်။ လူငယ်လေးတွေပါပဲ။ သိတဲ့အတိုင်း ကွမ်းယာဆိုင်ဆိုတော့ လူကလည်းရှုပ်နေတဲ့အချိန် အသံကြားလို့ ကြည့်လိုက်တာ ဆိုင်ရှေ့မှာ လူက လဲနေပြီ ” ဟု သတင်းရင်း မြစ်က အခုလိုပြောသည်။

ပစ်ခတ်ခံရသူမှာ အသက် ၅၄ နှစ်ခန့်အရွယ်ရှိ ဦးဇော်တူးဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၊ လည်ပင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အ တွက် လက်ရှိဖားကန့်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေတယ်လို့ စုံစမ်းသိရှိရသည်။

မည်သည့်အဖွဲ့က ဘာကြောင့် ပစ်ခတ်သွားခဲ့သည်ကိုတော့ စုံစမ်းနေဆဲ ဖြစ်သည်။ကချင်ပြည်နယ်အတွင်းက ဖားကန့်ရတနာမြေတွင် ယခုလို ဖြစ်စဉ်များမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s