မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများရှိ

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်းတိုင်းကြောင့် လူနေအိမ်ပေါင်း ၁,၂၄၃ အိမ်ပျက်စီးသွားပြီး မတူပီမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်ရင်းနှင့် ဗျူဟာကုန်းလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့နေအိမ် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည့် သံချောင်း၊ မိုးကာ၊ သွပ် အစရှိသည့် ပစ္စည်းများ အထူးလိုအပ်နေပြီး မြို့ပေါ်တွင်လည်း အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရန်မရှိ ဖြစ်နေသော်လည်း စစ်တပ်မှ ၎င်းတို့ပျက်စီးမှုများအား ပြင်ဆင်ရန်အတွက် ခရိုင်ရုံးမှ ဆောက်လုပ်ရေးပစ္စည်းများအား တပ်ထဲကို သယ်ယူနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

‘’အရပ်သားနေအိမ်တွေရဲ့ ဆုံးရှုံးမှုတွေ စာရင်းတွေကိုတော့ရတယ်၊ တပ်ထဲက ပျက်စီးဆုံးရှုံးမှု တွေကိုတော့ ဘယ်သူမှအတိအကျမသိကြဘူး၊ ဒါပေမယ့် ဖနိုင်နဲ့ ငလိုင်ကျေးရွာကြားထဲမှာရှိတဲ့ ခရိုင်ရုံးအဆောက်အအုံနေရာတွေကနေ စစ်ကားနှစ်စီးနဲ့ သစ်တွေအပြည့်တင်ပြီးတော့ တပ်ထဲကို သယ်သွားတာတော့ တွေ့လိုက်ကြတယ်’’ဟု ဒေသခံများက ပြောသည်။

အဆိုပါ ခရိုင်ရုံး အဆောက်အအုံ နေရာသည် စစ်တပ်မှ အာဏာမသိမ်းခင်အထိ ဌာနဆိုင်ရာ အဆောက်အအုံမှ ဆောက်လုပ်ရေးလုပ်ငန်း အ များအပြားလုပ်ကိုင်ကြခြင်းပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားရာ အဆိုပါနေရာကို စစ်တပ်မှ တပ်စွဲ နေရာယူထားခြင်း ဖြစ်သည်။

ချင်းပြည်နယ်အတွင်း ဖြတ်သန်းတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ကြောင့် အဆောက်အဦ ၃,၃၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြား ကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့ မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်၌ မုန်တိုင်းဒဏ်သင့် မြို့နယ် ကိုးခုရှိပြီး တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ် ရှစ်မြို့နယ်တွင် လူနေအိမ် ၂,၇၇၄ လုံး ၊ စာသင်ကျောင်း ၁၈၅ ကျောင်း ၊ ဘာသာရေးအဆောက်အဦး ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အဦ ၁၂ ခု ၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြားအ ဆောက်အဦ ခြောက်လုံး စုစုပေါင်း ၃,၃၃၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s