မုန်တိုင်းသင့် ရခိုင်ပြည်သူများကို ကူညီ​နေသူ စာရေးဆရာဝေဟင်အောင်နှင့် သမီးဖြစ်သူအ ပါအဝင် ၅ဦးကို စစ်တပ်က ဖမ်းဆီးပြီး စစ် ကြောရေးတွင် စစ်ဆေး​နေ

ယနေ့ မေ ၂၃ ရက်နေ့ နေလယ်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်နှင့် ၎င်း၏ သမီးဖြစ်သူ အပါအဝင် ၅ ဦးကို စစ်တွေမြို့ အမှတ် (၁၀) စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၊ စစ်တွေမြို့အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ကြောခံနေကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က ပြောသည်။

ယနေ့ မေ ၂၃ ရက်နေ့ နေ့လယ် ၃ နာရီကျော်အချိန်ခန့်တွင် ပရဟိတသမား စာရေးဆရာ ဝေဟင်အောင် တို့သည် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့နယ်သို့ မုန်တိုင်းသင့် ပြည်သူများကို အရေးပေါ် စားနပ်ရိက္ခာ ကူညီရန် သွားစဉ် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာအနားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

ဖမ်းဆီးခံရသည့်သူများတွင် စာရေးဆရာ ဝေဟင်အောင်၊ သမီးဖြစ်သူနှင့် ၎င်း၏ တပည့်ဖြစ်သူ မောင်လှိုင်ဝင်း အပါအဝင် ရန်ကုန်တိုင်းမှ မုန်တိုင်းသင့် ပြည်သူများအား လာရောက်ကူညီနေသည့်အဖွဲ့ ဗိုလ်စိန် ပရဟိတ Ambulance မှ နှစ်ဦး စုစုပေါင်း ၅ဦးကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။

စာရေးဆရာ ဝေဟင်အောင်၊ သမီးဖြစ်သူနှင့် ၎င်း၏ တပည့်ဖြစ်သူ မောင်လှိုင်ဝင်း အပါအဝင် ရန်ကုန်တိုင်းမှ မုန်တိုင်းသင့် ပြည်သူများအားလာရောက်ကူညီနေသည့်အဖွဲ့ ဗိုလ်စိန် ပရဟိတ Ambulance ကို အမှတ် ၁၀ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး အောင်သပြေ စစ် ကြောရေးစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ဖမ်းဆီးခံရတာက စုစုပေါင်း ၅ ယောက်ပါ။ ကိုဝေဟင်အောင်ရယ်။ သူ့ရဲ့သမီးရယ်။ ပြီးတော့ သူ့တပည့်တစ်ယောက်ရယ်၊ ရန်ကုန်တိုင်းက ဗိုလ်စိန် ပရဟိတ Ambulance က နှစ်ဦး ဖမ်ဆီးခံထားရတယ်။ အမှတ် ၁၀ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး အောင်သပြေ စစ်ကြောရေးစခန်း ဖမ်းဆီး စစ်ကြောခံနေရတယ်။ ဘာလို့ ပြောနိုင်တယ်ဆိုတော့ ဗိုလ်စိန် ပရဟိတ Ambulance ကားက စစ်ကြောရေးစခန်းမှာ ရှိနေတယ်။ ကျနော်တို့ ကိုယ်တိုင်မြင်ခဲ့ရတယ်။ ပြီးတော့ အမြင့်ကျွန်းကျေးရွာအနား ဖမ်းဆီးသွားတယ်ဆိုတာလည်း လူတိုင်းမြင်တယ်။ အခု အောင်သပြေ စစ်ကြောရေးစခန်းအတွင်းမှာ စစ်ကြောခ့နေတယ်”ဟုပြောသည်။

ပရဟိတသမား စာရေးဆရာ ဝေဟင်အောင်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းရွာ တန်ဘက်လက်ကျေးရွာဖက်များသို့ မုန်တိုင်သင့် ပြည်သူများအား ကူညီကယ်ရေးပေးရန် သွားရောက်စဉ် လမ်းတွင် ဖမ်းဆီးခံရဖြစ်ပြီး လက်ရှိ သတင်းရေးနေသည့်အချိန်အထိ စစ်ကောင်စီက ၎င်းတို့အား ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အမည်မဖောလိုသည့် လူမှုကယ်ရေးလုပ်ကိုင်နေသူနောက်ထပ်တစ်ဦးက “သူတို့ကို ကျောက်တန်းဂိတ်မှာ အဖမ်းခံရတာမဟုတ်ဘူး။ ကျောက် တန်းဂိတ်ကနေ ထွက်ပြီ။ အဲ့ဒီနောက်မှာ ကားအဖြူနဲ့ စစ်တပ်က ဗိုလ်ကြီးတစ်ယောက်က လိုက်လာတယ်။ အမြင့်ကျွန်း ဘုန်းကြီးကျောင်းနားမှာ သူတို့ကိုဖမ်းတယ်။ စစ်ဆေးဖို့ ခေါ်သွားတယ်။ အောင်သပြေစစ်ကြောရေးစခန်းကို ခေါ်သွားတယ်။ အရင်က ဆိုရင် အမှတ် ၁၀ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးပေါ့။ စစ်တွေမြို့ရဲ့ တပ်ထိန်းဂိတ်အလွန်ပေါ့နော်။ အဲ့ဒါတွေက အရင်ကတည်း စစ်ကြောရေး စခန်းတွေပါ “ဟုပြောသည်။

၎င်းတို့မှာ လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ် မရသေးဘဲ မိသားစုများကလည်း ဖမ်းဆီးခံထားရသည့် သူများနှင့် အဆက်အ သွယ်ရလိုကြောင်းနှင့် ဖမ်းဆီးခံထားရသည့် စာရေးဆရာ ဝေဟင်အောင်၏ မိသားစုဝင်များက ပြောသည်။

အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက “ပြောချင်တာ လူတစ်ယောက်ဖမ်ဆီးတယ်။ မိသားစုတွေနဲ့လည်း အဆက်အသွယ်မလုပ်ဘူး။ ဒါကတော့ လုံးဝမဖြစ်သင့်ပါဘူ။ ဒီလိုမပေးတာကတော့ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သူရဲ့သမီးပေါ့။ သူ့သမီးက ၁၀ တန်တက်နေတဲ့ အရွယ်လေးပါ။ သူ့မှာ ဘာမှ အပြစ်လုပ်ထားတာလည်းမရှိဘူး။ အမှန်ဆိုရင် သူ့ကို လွှတ်ပေးပြီးတော့ ကျန်တဲ့သူတွေကို စစ်ဆေးတာတွေ လုပ်သင့်တယ်။ ကလေးက စိတ်ဒဏ်ရာတွေ ရသွားနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ဖြစ်လာတယ်။ သူ့ကိုတော့ လွှတ်ပေးဖို့လိုတယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်နယ် စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

စာရေးဆရာဝေဟင်အောင်သည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် စစ်တွေမြို့နယ်က ကျေးရွာ အများအပြားသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသလို ရခိုင်ပြည် မြို့နယ်များက မုန်တိုင်းသင့် ပြည်သူများကို သွားရောက်ထောက်ပံ့နေ သူလည်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s