မူးမြို့နယ်၊ နောင်ကုန်းရွာကို စစ်တပ်က ဒရုန်းဖြင့် ၂ ကြိမ် ပစ်ခတ်ခြင်းကြောင့် နေအိမ်နှင့် စာသင်​ကျောင်းတို့ မီးလောင်ပြာကျပြီး ရွာပေါင်း ၁၈ ရွာမှ ပြည်သူ ၂၁၈၈၀ ဦး ထွက်ပြေး တိမ်းရှောင် နေရ

KNU တပ်မဟာ ၃ နယ်မြေရှိ မူးမြို့နယ်၊ နောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ၂ ကြိမ် ပစ်ခတ်ခြင်းကြောင့် နေအိမ်နှင့် စာသင်​ကျောင်းတို့ မီးလောင်ပြာကျခဲ့ကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။

မေလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၆၀ တပ်ရင်းမှူးနှင့် ဗျူဟာမှူး ဟိန်းထက်အောင်မှ ဦးဆောင်ပြီး ကေအဲန်ယူ-ကရင် အ မျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြို့နယ်၊ နောင်ကုန်းကျေးရွာ အတွင်းသို့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ၁ ကြိမ် Drone ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခြင်းကြောင့် နောင်ကုန်းရွာရှိ စောကြည်စိုး၏ နေအိမ် ၁ လုံး၊ စောစတူ (ခေါ်) စောကော်လယ်၏ နေအိမ် ၁ လုံး၊ ထင်းတဲနှင့် ကျေးရွာစာသင်ကျောင်း တို့ပျက်စီးပြီး စောစတူ (ခေါ်) စောကော်လယ်၏ နေအိမ်မှာ မီးလောင်ပြာကျခဲ့ကြောင်း၊ နောင်ကုန်းကျေးရွာသည် အိမ်ခြေစုစုပေါင်း ၁၁၇ လုံးရှိပြီး လူဦးရေစုစုပေါင်း ၇၈၂ ဦးရှိကာ ယခုအချိန် အထိ ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင် နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ကေအဲန်ယူ-မူးမြိုနယ် အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ပြည်သူများကို မီးရှို့သတ်ဖြတ်ခဲ့သည့် မေလ ၁၀ ရက်နေ့မှစ၍ ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနှင့် တပ်ကုန်းစသည့် ကျေးရွာပေါင်း ၁၈ ရွာမှ ပြည်သူ ၂၁၈၈၀ ဦးသည် စစ်ဘေး တိမ်း ရှောင်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစတင်ပြီး ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ Drone ဖြင့် ပစ်ခတ် ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းနှင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ လူထုများကို ဖမ်း ဆီးသတ်များခြင်းများ ပြုလုပ်သောကြောင့် ကေအဲန်ယူ-မူးမြို့နယ်အတွင်း နေထိုင်သော ပြည်သူလူထုများမှာ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင် ရသည့်အတွက် ကျန်ရှိသည့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်စီးခြင်း၊ တောမီးလောင်ခြင်းကြောင့် ရွာလုံးကျွတ် ပြာကျရခဲ့သည့် ကျေးရွာများလည်းရှိကြောင်း၊ ထို့ပြင် ကေအဲန်ယူ-မူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် အာဏာ သိမ်းချိန်မှစပြီး ယခုအချိန်အထိ အပြီးအပိုင် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများလည်း အမြောက်အများရှိကြောင်း KNU−ဗဟို က ထုတ်ပြန်ထား သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s