မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ် ချုပ်ရေးမှူးက WY ဆေးပြားရောင်းချနေ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်ငြိမ်းဟာ WY စိတ်ကြွ ရူးသွပ်ဆေးပြားများရောင်းချပြီး မော်လမြိုင်ကျွန်းမြို့က လူငယ်တွေကို ဖျက်ဆီးနေပါတယ်။
မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ငြိမ်းဟာ အာဏာသိမ်းပြီးနောက်မှာ စစ်တပ်မှခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ်ပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးရယူပြီးနောက်မှာ ဦးမြင့်ငြိမ်းသာမကဘဲ ဦးမြင့်ငြိမ်းရဲ့ မိသားစုဝင်အချို့ကပါ မူး ယစ်ဆေးဝါး(WY)ရောင်းချပြီးစီးပွားရှာလျက်ရှိပါတယ်။
အဲ့ဒီလို မူးယစ်ဆေးဝါးရောင်းချနေတာကို အာဏာပိုင်တွေကသိရှိပေမဲ့ ဦးမြင့်ငြိမ်းနဲ့ သူရဲ့မိသားစုတွေကို အရေးယူတာမျိုး တစ်စုံတစ်ရာမှ မတွေ့ရပါဘူး။ အာဏာမသိမ်းခင်ကလည်း ဦးမြင့်ငြိမ်းရဲ့ မိသားစုတွေထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျဖူးတဲ့သူတွေ ရှိပါတယ်။
ကျွန်တော်တို့ မော်လမြိုင်ကျွန်းဒေသခံတွေကတော့ ဦးမြင့်ငြိမ်းဟာ လူငယ်တွေကိုဖျက်ဆီးနေတာ ၊တော်လှန်ရေးမှာ မပါဝင်လာအောင် နည်းမျိုးစုံနဲ့နှောက်ယှက်နေတာလို့ မြင်ပါတယ်။
ဦးမြင့်ငြိမ်းဟာ အလှူခံပြီး အသက်မွေးနေသူလည်းဖြစ်လို့ ရပ်ကွက်ထဲမှာ နှစ်သောင်းမြင့်ငြိမ်းလို့ အမည်တပ်ခေါ်ဆိုလာမှုတွေလည်း ရှိပါတယ်။
မော်ကျွန်းမှာ နာရေးကူညီမှုအသင်းရှိပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းမှာ နာရေးကူညီမှုအသင်းက လူတွေကို စစ်တပ်ကလိုက်ဖမ်းနေတာကြောင့် အားလုံး အသင်းကနှုတ်ထွက်လိုက်ကြပါတယ်။
အဲ့ဒီလို နှုတ်ထွက်လိုက်တာကိုအကြောင်းပြပြီး မော်ကျွန်းနာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌရာထူးကို ဦးမြင့်ငြိမ်းက အပိုင်သိမ်းလိုက်ပါတယ်။ အပိုင်သိမ်းပြီးနောက်မှာ နာကူအသင်းရန်ပုံငွေအတွက်ဆိုပြီး မြို့ပေါ်ကလူတွေဆီက တစ်လကို နှစ်ခါ အလှူခံပါတယ်။ အလှူခံလို့ရတဲ့ ငွေတွေကိုလည်း ကိုယ်ကျိုးအတွက် သုံးနေပါတယ်။
ဦးမြင့်ငြိမ်းဟာ ယခင်စစ်အစိုးရလက်ထက်မှာလည်း နာဂစ် ဒုက္ခသည်တွေအတွက်ရတဲ့ ငွေကြေးတွေကို အလွဲသုံးစားလုပ်မှုနဲ့ ထောင်ကျဖူးသူလည်းဖြစ်ပါတယ်။
အဲ့ဒီအပြင် မဘသ ရဟန်းတွေနဲ့ ဆက်နွယ်ပြီးအလုပ်လုပ်စားရာက ယခင်ရပ်ကွက်ပိုင် ဆွမ်းပတ်မှာ ကပ်နေရသူ ဦးမြင့်ငြိမ်းဟာ စစ်အာ ဏာသိမ်းပြီးမှ မြေနေရာဝယ်တိုက်ဆောက်ပြီး ငွေကြေးအဆင်ပြေနေတာကိုတွေ့ရပါတယ်။
အများသိနိုင်စေဖို့အတွက် မဇ္ဈိမရဲ့ အယ်ဒီတာထံပေးစာက တစ်ဆင့် ရေးသားလိုက်ရပါတယ်။ mizzima