မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို ဒရုန်းများ၊ ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာကို ဒရုန်းများ၊ ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း Eagle တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။
မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် Eagles တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ကန်နီ (ပျူရွာ) ကို Rocket ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ မေလ ၂၁ ရက်နေ့တွင် ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ Eagles နှင့်MSPDF တပ်ဖွဲ့တိုံ Red Hawk Operations အဖြစ် ပျူစောထီးစစ်စခန်း ကန်နီရွာကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မေလ ၂၀ ရက်နေ့က ဒုံး၄ လုံးပစ်ခတ်တယ်။ မေလ ၂၁ ရက်နေ့မှာ 2 KG ဗုံး ၂ လုံး ၊ 1 KG ဗုံး ၄ လုံးနဲ့ ကျဲချတိုက်ခိုက်ပါတယ်။ ကန်နီကို ဗုံးသီးချ တော့ ထိသွားတဲ့ တယောက်က ပျူတွေ ကို သင်တန်းပေးနေတဲ့ ခေါင်းဆောင်ထိတယ်လို့ သိရပါတယ်။ ဗိုက်ပေါက်ထွက် သွားလို့ သေဖို့ ရာခိုင်နှုန်းအတော်များတယ်လို့ကြားပါတယ်။ ” ဟု Eagle တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။ khit thit