မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကိုဒေသကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်မှုရှိပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ မမဖြင့် ပြန်လည် ပစ် ခတ်ခဲ့ကြောင်းသိရသည်။
“မြေပြင်သတင်းအရ စစ်ခွေး ၂ ကောင် ဗုံးသီးစာ မိတယ်။ ကတ္တရာ လမ်းဘေးမှာ ရှိပြီး ရဲစခန်း အထိုင်ချ ထားတဲ့ရွာ အဲ့ရွာမှာ ရှိတဲ့ ရဲစခန်းက ရဲတွေက ကြက်ခြံထဲက ကြက်တွေလိုပဲ အပြင်မထွက်ရဲကြဘူး။ ရှေ့က pdf တွေ လက်နက်နဲ့ ဖြတ်သွားရင်တောင် မပစ်ဘူး။ စစ်ကြောင်းရှိမှသာ လှုပ်ရှားတာ ကျန်တဲ့ အချိန် ငြိမ်ကုပ်နေတာ” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လင်းကတော ရဲစခန်းကို လာပေါင်းပြီးနောက် ကြည့်ကန် ကျေးရွာ ရောက်နေကြောင်း သိရသည်။ khit thit