ယင်းမာပင်မြို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့မှတပ်သားလက်နက်အပြည့်အစုံနှင့် CDM ပြုလုပ်

စစ်ကိုင်တိုင်း၊ယင်းမာပင်မြို့ပေါ်ရှိ ဝါဒိုင်တွင်တပ်စွဲနေသည့်စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား ရဲရင့်ကျော် ကိုယ်ပိုင် နံပါတ် (တ-၅၅၂၅၅၅)သည် မေလ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် ယင်းမာပင်ခရိုင် အမှတ်(၂၉)နှင့် ချိတ်ဆက်၍ CDMပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့တွင် လုပ်သက်ခြောက်နှစ်ရှိသည့် တပ်သားရဲရင့်ကျော်သည်အနောက်မြောက်တိုင်း စစ်ဌာနချုပ် အမှတ်(၁၂) အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းမှဖြစ်ပြီး ယင်းမာပင်မြို့နယ် ဝါဒိုင်ရုံးမှ အလစ် အငိုက်ထွက်ပြေး၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော် ယင်းမာပင်ဘက်ကို စပြီးရောက်ကတည်းက တပ်ကထွက်ခွာဖို့ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ အိမ်ကမိသားစုတွေကအစကျနော့်ကိုထွက်ဖို့အားပေးကြတာရှိပါတယ်။ လက်နက်အပြည့်ပါယူပြီး

ထွက် ချင်တဲ့အတွက် တပ်ရဲ့အလစ်ကို စောင့်ရင်း အချိန်ကြာသွားတယ်” ဟု ၎င်းက ပြောသည်။

တပ်သား ရဲရင့်ကျော်သည် MA-11 သေနတ်တစ်လက် ၊ ကျည်ဘောက် သုံးခု ၊ ကျည် ၂၂၈ တောင့်နှင့်အတူယင်းမာပင်ခရိုင် အမှတ်(၂၉) တပ် ရင်းထံသို့ CDM ပြုလုပ်လာခြင်း ဖြစ်သည်။

CDM ပြုလုပ်လာသည့် တပ်သားရဲရင့်ကျော်ကို ယင်းမာပင်ခရိုင်အမှတ်(၂၉)တပ်ရင်းက ငွေကျပ်သိန်း ၁၀၀ တိတိဆုချီးမြှင့်ခဲ့ပြီး ပြည်သူနှင့်အ တူ ပူးပေါင်းလိုပါက အမြဲကြိုဆိုလျှက်ရှိကြောင်းယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းမှ တာဝန်ရှိသူက ဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s