အင်းတော်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်ကဗုံးကြဲ၍ PDF ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်ဗုံးကြဲ၍ အင်းတော် PDF မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Indaw Revolution- IR အဖွဲ့ထံမှ သိရသည်။
တိုက်ပွဲမှာ မေလ ၂၂ ရက်မှ ယနေ့ ၂၃ ရက်အထိ နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲခြင်းဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် မြစ်ကြီးနားမှလာသော တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံး ၁၅ လုံးကြဲချခဲ့သည်ဟု IR Team မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။
“စစ်ကောင်စီတပ်က အင်းတော်စစ်တပ်ကုန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ကူပစ်တယ်။ ၁၁ နာရီ မိနစ် ၂၀ မှာ လေယာဉ်နှစ်စီးနဲ့ ဗုံး ၁၅ လုံးကြဲသွားတယ်။ ဖြစ်တာကတော့ စစ်ကောင်စီတပ်ရယ် AB တပ် ရယ်ဖြစ်တာပေါ့။ အင်းတော် PDF က တပ်ကူဖို့ဆိုပြီးကပ်နေတဲ့အချိန်မှာ လေယာဉ်နဲ့ကြဲတော့ နှစ်ယောက် ထိသွားတာပါ” ဟု IR Team မှ တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အင်းတော် PDF မှ ရဲဘော်နှစ်ဦးဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက် စီးမှုအသေးစိတ်ကို ဆက်လက်စုံ စမ်းနေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။
ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အသေအပျောက်များသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးပစ်ကူခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ယမန့်နေ့ကတိုက်ပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။
အဆိုပါတိုက်ပွဲသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင် စီတပ်တို့အကြားဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေအသေးစိတ်ကို မဇ္ဈိ မအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ဖြစ်သည်။ mizzima