အာဏာပြန်လွှဲနိုင်ရေး မဖြစ်မ​နေဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ​ခေါင်း​ဆောင် အာမခံ​​ပြောဆို

ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲနိုင်ရေး မဖြစ်မ​နေဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ​ခေါင်း​ဆောင်မင်းအောင်လှိုင်က အာမခံ​​ပြောဆိုလိုက်သည်။

ပဲခူးတိုင်းဒေသကြီးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည့် မေလ ၂၂ ရက်နေ့တွင် ၎င်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရွေး​ကောက်ပွဲကျင်းပနိုင်ရန် တိုင်းပြည်တည်ငြိမ်​အေးချမ်း​အောင် ဦးစွာ​ဆောင်ရွက်​နေသည်ဟု​လည်း စစ်​ကောင်စီ​ဥက္ကဋ္ဌမင်း​အောင်လှိုင်က ပြောသည်။

ယခုနှစ်အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အပါအ၀င်

နိုင်ငံရေးပါတီ ၄၀ ကို အဆိုပါဥပဒေအရ မှတ်ပုံပြန်မတင်ဟုဆိုကာ ဖျက်သိမ်းထားသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခု ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကျင်းပပေးမည်ဟု ပြောဆိုခဲ့သော်လည်း စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ယခုနှစ်အတွင်း ကျင်းပဖြစ်မည်ဟု တပ်အပ်မပြောနိုင်သေးကြောင်း VOA Burmeseကို ဖြေဆိုခဲ့သည်။

တစ်နိုင်ငံလုံးအနှံ့လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကိုစစ်ကောင်စီလက်ထက်တွင် ကျင်းပနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း မှတ်ချက်ပြုသည်။

“တကယ့်လက်တွေ့သဘောအရပြောရင် ကျင်းပနိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမဲ့ သူကလည်း အဲ့ဒီသြဂုတ်လဆိုရင် သူ့အတွက် စစ်အုပ် ချုပ်ရေးသက်တမ်းကလည်း ကုန်ဆုံးတော့မှာဆိုတော့ အဲ့ဒီမတိုင်ခင်လည်းမဖြစ်ဖြစ်အောင်ကြံဖန်ပြီးလုပ်ပါလိမ့်မယ်။ သို့သော် တစ်ပြည်လုံးအနှံ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကတော့ ဘယ်တော့မှ ကျင်းပနိုင်မှာ မဟုတ်ပါဘူး ”ဟု ဆိုသည်။

သို့​သော် တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် လုံခြုံရေးအကြောင်း ပြချက်ပေးပြီး ရွေးကောက်ပွဲ မကျင်းပဘဲ စစ်အုပ်ချုပ်ရေးသက် တမ်းကို ထပ်ပြီး တိုးမြှင့်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

စစ်​ကောင်စီအ​နေဖြင့် လက်ရှိတွင် ၂၀၂၀ ပြည့်နှစ် အ​​ထွေ​ထွေ​ရွေး​ကောက်ပွဲအနိုင်ရ NLD ပါတီ ထိပ်ပိုင်း​ခေါင်း​ဆောင်များနှင့် ပါတီဝင်များကို ဖမ်းဆီးအကျဥ်းချခြင်းများ ပြုလုပ်ထားသည်။

စစ်ကောင်စီက လက်နက်အားကိုးဖြင့် ဥပဒေမဲ့အာဏာသိမ်းယူရန်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် ​မေလ ၁၉ ရက်​နေ့အထိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၃၀ နီးပါးအား ဖမ်းဆီးခဲ့ကာ ၁၆ ဦးမှာ ထောင်အတွင်း သို့မဟုတ် မိမိနေရပ်စွန့်ခွာတိမ်းရှောင်ရင်း အသက်ဆုံးရှုံးခဲ့ရ​ကြောင်း ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ CRPH က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s