PDF နှင့် ဆက်စပ်သည်ဟုဆိုကာ တနင်္သာရီက ဒေသခံ ၂၀ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ သုံးရွာက အသက်ကြီးပိုင်းများ အပါအဝင် လူ ၂၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရင်းမြစ်တစ်ဦးနှင့် ဒေသခံ နှစ်ဦးက မဇ္ဈိမကို ပြောသည်။

တနင်္သာရီမြို့နယ် ရေဖြူကျေးရွာ၊ ဘန်းလမွတ်ကျေးရွာစုရှိ ဘန်းလမွတ်ကျေးရွာနှင့် ပနပ်ငယ် ကျေးရွာက ဒေသခံ ၂၀ ဦးကို မေလ ၂၀ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဖမ်းဆီးခံလိုက်ရတဲ့ဒေသခံတွေက PDF အဖွဲ့စည်းနဲ့ ဆက်စပ်မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ လာဖမ်းသွားတယ်”ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

တနင်္သာရီမြို့နယ် ရေဖြူရွာတွင် မေလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် ကျေးရွာအတွင်း ကုန်စုံနှင့် ဥယျာဉ်ခြံပိုင်ရှင် အမျိုးသား၊ အမျိုးသမီး စုစု ပေါင်း ၁၀ ဦးခန့်ကို ဖမ်းဆီးသွားသကဲ့သို့ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းတွင်လည်း ဘန်းလမွန်ရွာနှင့် ပနပ်ငယ်ရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

ဘန်းလမွတ်ရွာနှင့် ပနပ်ငယ် ကျေးရွာသည် မြိတ်- တနင်္သာရီမြို့ကို သွားသည့် လမ်းမှာတည်ရှိပြီး ရေဖြူကျေးရွာသည် တနင်္သာရီမြို့နယ်အ ထွက် မောတောင်ဘက်သို့သွားသည့် လမ်းပိုင်းတွင် တည်ရှိသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က မည်သည့် နေရာတွင် ဖမ်းဆီး စစ်ဆေးနေသည်ကို မသိရသေးကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြော သည်။

“အခုရက်ပိုင်း ဖမ်းခံရတဲ့ သူတွေ တချို့က ပြန်လွတ်လာတယ် ဆိုပြီး သတင်းတွေ ကြားရနေပေမယ့် အတည်ပြုလို့ မရသေးပါဘူး၊ ကျွန်တော်တို့ နောက်ဆုံး သိရတာက ဖမ်းဆီးထားတဲ့ သူတွေကို အမြောက်တပ်မှာ ဖမ်းဆီးထားတယ်လို့တော့ ကြားတယ်”ဟု ဘန်းလမွတ်ရွာ ဒေသခံ တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလကလည်း ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အမျိုးသမီး ကိုးဦးကို အကြမ်း ဖက် ဥပဒေ ပုဒ်မ ၅၀-ည ဖြင့် အမှုအရေးယူမှုများ ရှိခဲ့သည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသည့် ဒေသတစ်ခုလည်း ဖြစ်သကဲ့သို့ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသခံ တော်လှန်ရေးတပ်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသော ဒေသတစ်ခု ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s