Monthly Archives: May 2023

မြောင်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြိုင်မြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် တပ် ရင်း အမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ ရွာစဥ်လှည့်၍ ခိုးယူ လုယက်နေသည့် အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ နှင့် မဟာမိတ်အဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၎င်း တို့ခိုးယူလာသည့် ပြည်သူပိုင်ပစ္စည်းများကို ပစ်ချပြီး စစ်သားအလောင်းများကို ထမ်းပိုးထွက်ပြေးသွားကာ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိအ ခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Eagle Brigade အဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိုင်မြို့ပေါ် အထက ၂ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ် ဖွဲ့များက ပထမအကြိမ် ဗုံးသီး 2 kg ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြိုင်မြို့ အဝင် ဂိတ်ရှိ အကြမ်းဖက် စစ်တပ်ကို 1 kg ဗုံးသီး ၂ လုံးဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Eagle Brigade ၊ MVRF (Myaing Village Revolution force)နှင့် MSPDF (Myaung Special People defence force) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

ကောလင်းမြို့တွင် စစ်တပ်က အရပ်သား ၂ ဦးကို ပစ်သတ်

စစ်တပ် စစ်ကြောင်းထိုးနေသော စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်အနောက်ခြမ်းတွင် ဒေသခံ ၂ ဦး ပစ်သတ်ခံရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

မေ ၂၂ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာစခန်းမှ အင်အား ၅၀ ခန့် စစ်ကြောင်း၊ မြို့ပေါ်မှ အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းတို့က ကောလင်းအနောက်ခြမ်း ကျေးရွာများကို တစ်ပြိုင်တည်း ချီတက်ခဲ့ကြောင်း သိရသည်။

အင်အား ၅၀ ပါစစ်ကြောင်းသည် မေ၂၃ တွင် မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ မောင်းကော်ရွာကို ပစ်ခတ်စီးနင်း၍ ညအိပ်တပ်စွဲခဲ့သည်။

ယနေ့ (မေ ၂၄) နံနက်ပိုင်း ဒေသခံများ၊ တော်လှန်ရေးသမားများ ရွာအတွင်း ပြန်လည်ဝင်ရောက်ချိန်တွင် စစ်သားများက ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုတွင် သေဆုံးသူတို့မှ ထိုရွာမှ အသက် ၄၀ ခန့်အရွယ် ကိုမင်းလှိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် အသက် ၃၀ အရွယ် ကိုကျော်မင်းသိမ်းတို့ ဖြစ်သည်ဟု ဆိုသည်။

လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး သတင်းမှား ရရှိသဖြင့် ထိုသို့ ပစ်ခတ်ခံလိုက်ရသည်ဟု ကောလင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“xxxxx တွေ မရှိတော့ဘူးဆိုပြီး တစ်ယောက်က အော်တော့ ရွာထဲဝင်တော့ ဘွားခနဲပေါ်လာပြီး ပစ်တော့တာပဲ။ ကျွန်တော်တို့လည်း ကင်း ထောက်တာပဲဗျာ၊ ဖုန်းလိုင်းတွေက မရတော့ အားနည်းချက်တွေ ဖြစ်တာပေါ့ဗျာ၊ အိုင်ကွန် (စကားပြောစက်) တွေကျတော့လည်း လူတိုင်း မသုံးနိုင်ဘူး” ဟု သူက ပြောသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် ၎င်းတို့စစ်ကြောင်းထိုးရာတစ်လျှောက်မှ ဖမ်းခေါ်လာသူ ၄ ဦးကို ခေါ်ဆောင်ကာ ကိုးတောင်ဘို့ရွာရှိ စစ်တပ်အထိုင်စခန်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ထိုစစ်ကြောင်းက မောင်းကော်ကျေးရွာနှင့် ကပ်လျက် အောက်သီတရာကျေးရွာထိပ် အရောက်တွင် နွားကျောင်းနေသည့် အသက် ၅၀ ကျော်အရွယ် ဦးဖိုးဝ ဆိုသူကိုလည်း ပစ်သတ်သွားသည်ဟု အထက်ပါတာဝန်ခံက ပြောသည်။

“ညာဘက် ပေါင်ရင်းနဲ့ ဆီးခုံကြား မှန်ပြီး၊ သွေးထွက်လွန်ပြီး ဆုံးသွားတာ” ဟု သူက ဆိုသည်။

ကောလင်းမြို့မှ လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ယမန်နေ့က မြို့အနောက်ဘက် ၄ မိုင်အကွာ ခမောက်တောင်ရွာအနီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ R7 ဟု အမည်ပေးထားသည့် အသက် ၂၇ နှစ်အရွယ် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲထဲမှာပဲ ပစ်ရင်းခတ်ရင်းနဲ့ပဲ ကျသွားတာ။ သူတို့ဘက် ကျမကျတော့ ကျွန်တော်တော့ သေသေချာချာတော့ မသိဘူး။ (စစ်သားများ တပ်စွဲသည့်) ဘုရားနှစ်ဆူမှာ သွေးတွေ ဂွမ်းစတွေ တွေ့တာ ရှိတယ်။ ဘယ်လောက်ထိလဲတော့ မသိဘူး” ဟု သူက ပြောသည်။

ထိုစစ်ကြောင်း ဆက်လက် လှုပ်ရှားနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဧပြီလကုန်ပိုင်းကလည်း ကောလင်းမြို့နယ်အရှေ့ပိုင်းကို စစ်ကောင်စီက စစ်ကြောင်း နှစ်ကြောင်းဖြင့် စီးနင်းသဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စေလွှတ်ထားသည့် ကောလင်းခရိုင် PDF တပ်ရင်းမှူး အပါအဝင် ၉ ဦး သေဆုံးခဲ့သည်။

ကချင်ပြည်နယ်နှင့် နီးစပ်သည့် ကသာ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့် စသည့် မြို့နယ်များတွင် KIA ၏ ကူညီထောက်ပံ့မှုများဖြင့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံနေကြသည်။ myanar now

လောင်းလုံမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ကို တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု လဝက ဒုဦးစီးမှူး ၁ ဦး သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းကို တစ်ပြိုင်တည်း ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လဝကဒုဦးစီးမှူး သိန်းမင်းလတ် သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တပ်ဖွဲ့(Guerilla Dawei) ထံမှ သိရသည်။

ယမန်နေ့‌ မေလ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်က အဆိုပါရုံး ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လဝကရုံးအားဝင်ရောက်စီးနင်းမှုတွင် လဝ က ဦးစီးမှူးမှာ ခုခံပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွား ပြီး လဝက ဒုဦးစီးမှူး သိန်းမင်းလတ်မှာ ပြတင်းပေါက်မှ ခုန်ထွက်ရန်ကြိးစား နေချိန် ပစ်ခတ် ရှင်းလင်း ခဲ့လိုက်ကြောင်း သိရသည်။

ထို့အပြင် စရဖရုံးနှင့် လောင်းလုံးမြို့မရဲစခန်းအား ချဉ်းကပ်ပြီး ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အပြန်အ လှန် ပစ်ခတ်မှုဖြစ်ခဲ့ရာ လက်နက်အင်အား ကွာဟသဖြင့် ပြည်သူ့ကာ ကွယ်ရေး ရဲဘောတစ်ဦး ကျည်ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းနှင့် စရဖရုံးအား ပစ် ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်နဂါးတပ်ခွဲ ၁ Guerilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့နှင့် ထား ဝယ်နဂါး တပ်ခွဲ ၅ တို့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့နေ ပြည်သူလူထုနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်အသိပေးထားသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့ညပိုင်းတွင် မြို့ ပေါ် နေပြည်သူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ khit thit

မြန်မာစစ်တပ်ကို ထောက်ပံ့နေသည့် ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို အမည်ပျက်စာရင်းသွင်

မြန်မာနိုင်ငံကို လေယာဉ်လောင်စာဆီ ပို့ဆောင်မှုအတွက် အာမခံပေးမှုကို ရပ်တန့်ဖို့ ကတိကဝတ် ပျက်ကွက်ခဲ့ပြီးနောက် ဘားမားကမ်ပိန်းအဖွဲ့က ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို အမည်ပျက်စာရင်းမှာ ထပ်မံထည့်သွင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ အာမခံကုမ္ပဏီ ၅ ခုကတော့ UK P&I၊ Steamship Mutual၊ Britannia P&I၊ North Standard နဲ့ Shipowners’ Club တို့ ဖြစ်ပြီး သူတို့ဟာ မြန်မာနိုင်ငံကို လေယာဉ်လောင်စာဆီ ပို့ဆောင်တဲ့ သင်္ဘောတွေအတွက် အကာအကွယ်နဲ့ လျော်ကြေးငွေ အာမခံ အပြန်အလှန် ပေးအပ်နေတဲ့ လုပ်ငန်းတွေဖြစ်ပြီး ခုလို စစ်အုပ်စုကို လေယာဉ်လောင်စာဆီ ပို့ဆောင်ပေးနေတဲ့ ထောက်ပံ့ရေးကွင်းဆက်ထဲမှာ သူတို့ရဲ့ ပါဝင်တဲ့အခန်းကဏ္ဍကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က ထုတ်ပြန်တဲ့ Deadly Cargo အစီရင်ခံစာထဲမှာလည်း ဖော်ပြထားခဲ့ဖူးပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ်ဖန်မနာက “မြန်မာစစ်တပ်က အရပ်သားတွေကို စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုတောင် လေ ကြောင်းကနေ ခွဲခြားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ခုလို အာမခံပေးနေတာမျိုးက မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးတဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စတင်ကာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတဝန်း အာဏာထိန်း ချုပ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပိုမိုတိုးပွားလာနေခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ ရွာသူရွာသားတွေ စုရုံးနေတဲ့အချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးသူငယ် အယောက် ၄၀ ပါဝင်ခဲ့ကာ ဒီအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းတွေ အသီးသီးက အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ဗြိတိန်အစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မြန်မာစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ထောက်ပံ့ရေးလုပ်ငန်းတွေမှာ ဗြိတိန်ကုမ္ပဏီတွေ ပါဝင်ပတ်သက်တာတွေကို ရှောင်ရှားကြဖို့ လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ပေမဲ့ အခုလက်ရှိ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေကတော့ လျစ်လျူရှုခဲ့ကြတယ်လို့ ဘားမားကမ်ပိန်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ဘားမားကမ်ပိန်းက အမည်ပျက်စာရင်းသွင်းထားတဲ့ စာရင်းထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ နိုင်ငံတကာ ကုမ္ပဏီ ၁၇၀ ကျော် ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မြန်မာအကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်း တခုဖြစ်တဲ့ ဂန္ဓမာ wholesale အပါအဝင် လုပ် ငန်း ၅ ခုကို ဘားမားကမ်ပိန်းအဖွဲ့က ထပ်မံ အမည်ပျက်စာရင်း သွင်းလိုက်ပြီးနောက်မှာ အမည်ပျက်စာရင်းသွင်းခံထားတဲ့ လုပ်ငန်းပေါင်း ၂၁၂ ခုထိ ရှိလာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီလုပ်ငန်း ၂၀၀ ကျော်ထဲမှာ အများစုကတော့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေး ချိတ်ဆက်မှု၊ လက်နက်၊ ဒါမှမဟုတ် တခြားစစ် လက်နက်ပစ္စည်းတွေ ထောက်ပံ့တဲ့ လုပ်ငန်းတွေ ဖြစ်ပြီးတော့ စစ်အုပ်စုရဲ့ ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးအင်ပါယာ ထုတ်ကုန်တွေ၊ အမှတ်တံဆိပ်တွေကို လူတဦးချင်း၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအနေနဲ့ အဆိုပါကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူခြင်းကနေ ရှောင်ရှားနိုင်စေဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ပိုင်နဲ့ ထိန်းချုပ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ ၀င်ငွေရင်းမြစ်တွေဖြစ်ကာ သူတို့ဆီက ကုန်ပစ္စည်းနဲ့ ဝန် ဆောင်မှုတွေ ဝယ်ယူတာက စစ်အုပ်စုရဲ့ဝင်ငွေကို တိုးမြင့်စေပြီး ဒီငွေတွေကို သူတို့ရဲ့ စစ်ဆင်ရေးအတွက် ရန်ပုံငွေ၊ စစ်ရေးစွမ်းရည်ကို တည် ဆောက်ဖို့နဲ့ သူတို့ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။ DVB

စစ်တပ်ဝင်သည့် အရာတော်တွင် ၅ ဦး သေ ဆုံး၊ အိမ် ၁၀၀ ခန့် မီးလောင်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာရာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၅ ဦး သေဆုံး၊ အိမ်ခြေ ၁၀၀ ခန့် မီးရှို့ခံရသည်ဟု ဒေသခံများက ပြောသည်။

မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ထိုရွာကို ယမန်နေ့ (မေ ၂၃) နံနက်ပိုင်းက ဝင်ရောက်စီးနင်းသည်၊ ယနေ့ နံနက် ၆ နာရီကျော်မှစတင်ပြီး နေအိမ်များကို မီးရှို့သည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံအများစု ရုတ်တရက် ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုအချို့ ရွာထဲတွင် ပိတ်မိကျန် ရစ်နေခြင်းဖြစ်သည်။

အသက် ၈၀ အရွယ် ဒေါ်ခင်စိန်နှင့် အသက် ၆၀ ကျော်အရွယ် ဒေါ်အေးထုပ်တို့ နေအိမ်ထဲတွင် မီးလောင်သေဆုံးသည်၊ ဦးလှဌေးမှာ လက် နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးသည်၊ ဦးရာညွန့်မှာ စစ်ဘေးရှောင်တိမ်းစဉ် လက်နက်ကြီးသံများကြောင့် နှလုံးရပ်သေဆုံးသည်ဟု ဒေသခံများက ပြောသည်။ ထိုအမျိုးသားများမှာ အသက် ၇၀ ကျော် အရွယ်များ ဖြစ်သည်။

စစ်ဘေးရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ထိပ်တိုက်တိုးခဲ့သည့် အသက် ၃၀ အရွယ် ကိုမင်းမင်း၏ ရုပ်အလောင်းကို ထန်းလက်နှင့် အုပ်ထား သည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဒေါ်ခင်စိန်က မီးရှို့ခံလိုက်ရတာ၊ သူ့အိမ်မီးလောင်တော့ ထွက်မပြေးနိုင်လို့။ သူက အသက်ကြီးတယ်။ လေဖြတ်ထားတာ။…(ကိုမင်းမင်း) က အိမ်ရှေ့က ထွက်တဲ့အချိန်မှာ ပစ်လိုက်တာ။ သူ့အိမ်ရှေ့မှာတင်ပဲ ထန်းလက်နဲ့ အုပ်ထားခဲ့တာ” ဟု အသက် ၄၀ ကျော်အရွယ် တောင်မွှာရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ထိုရွာမှ စစ်ကြောင်း ပြန်မထွက်မီ ယနေ့နံနက် (မေ ၂၄ ရက်) က နေအိမ်များကို မီးရှို့သွားခဲ့ရာ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသည်ဟုလည်း ဒေသခံများက ပြောသည်။

“ကျွဲနွားတိရစ္ဆာန်တွေရော ဘာမှ ရစရာမရှိတော့ဘူး။ အကုန်ပါသွားတာ။ ဘယ်မှ သယ်ချိန်လည်း မရှိဘူး။ ထုတ်ချိန်လည်း မရှိဘူး။ စားစရာ သောက်စရာလည်း မရှိဘူး။ တောပိုင်းဆိုတော့ ထန်းရွက်အိမ်၊ ပျဉ်ထောင်အိမ်လေးတွေပေါ့။ ကိုယ့်ရွာ ကိုယ့်တောဆိုတော့၊ အဲ့ဒီအိမ်တွေ အကုန်ပါတာပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီ လက်နက်ကိုင်တို့က ရွာကို မစီးနင်းမီ တောင်ယာလုပ်ငန်းခွင်ဝင်နေသည့် အမျိုးသားများကို ဝင်ဖမ်းခဲ့သည်ဟု ရွာခံတစ်ဦးထံမှ သိရသည်။

“တောထဲမှာ မြေပဲချနေတဲ့သူတွေကို ဓားစာခံခေါ်ပြီးတော့ ရွာဘက်ကို ချဉ်းကပ်လာတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို အရင်ဝင်တယ်။ ရွာက အကုန်ထွက်ပြေးရတာ” ဟု တောင်မွှားရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓားစာခံအရေအတွက်နှင့် ၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

တောင်မွှာ အပါအဝင် ဝက်ခဲ၊ ကြွေပုဂံ (မြောက်)၊ ကြွေပုဂံ (တောင်)၊ ရွှေပေါက်ပင် စသည့် အနီးအနား ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်တပ်ဝင်ပြီးနောက် နေအိမ်များ မီးလောင်ခြင်း၊ အရပ်သားများ သေဆုံးခြင်းတို့နှင့် ပတ်သက်ပြီး ယခင်စီးနင်းမှုများကဲ့သို့ပင် စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း ၁၅၅ ရွာအနက် ပြည်သူ့ စစ် ခေါ် ပျူစောထီး အားကောင်းရာ ကျေးရွာအချို့မှအပ ၁၂၈ ရွာတွင် နယ်မြေစိုးမိုးထားနိုင်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုထားသည်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြသော လူထုကို သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲသည့် စစ်တပ်ကို နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံနေရာ စစ် ကိုင်းတိုင်းသည် လက်နက်ကိုင်ခုခံမှုတွင် ရှေ့တန်းမှ ပါဝင်နေသည်၊ တိုင်းအတွင်းရှိ အရာတော်၊ ကန့်ဘလူမြို့နယ်တို့မှာ လက်နက်ကိုင်တော်လှန်မှုကြောင့် ထင်ရှားလာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်လာချိန်တွင် မြို့နယ် ၃၃၀ အနက် ၁၉၈ မြို့နယ်ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားထားပြီး မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။ myanmar now

အရာတော်မြို့နယ်၊ တောင်မွှာကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာလုံး ကျွတ် မီးရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

‌ယနေ့ မေလ ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူ ၆ ဦးကို သတ် ဖြတ်ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၆ ဦးမှာ အသက် ၈၀ အရွယ် ဒေါ်ခင်စိန်၊ အသက် ၆၀ အရွယ် ဒေါ်အေးထုပ်၊ အသက် ၇၀ အ ရွယ် ဦးရာညွန့်၊ အသက် ၃၀ အရွယ် ဦးမင်းမင်း၊ အသက် ၇၀ အရွယ် ဦးလှဌေးတို့ သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ အတည်မပြု နိုင်သေးကြောင်း သိရသည်။

“သေဆုံးတာက ၆ ယောက်ဗျ။ မီးထဲပါတာရော သူတို့ လာစဉ် ဖမ်းထားတဲ့ လူက ထွက်ပြေးလို့ သတ်တာရော ကျွန်တော်တို့ ရွာက လူတွေပဲ။ ခုတော့ စကစတွေက ရွာက ထွက်ပြီး ကြွေပုဂံရွာကို မီးရှို့နေတယ်လို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တောင်မွှာကျေးရွာသည် အိမ်ခြေ ၃၆၀ ရှိသည့် ကျေးရွာဖြစ်ပြီး လူဦးရေ ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်ကြကြောင်း အကြမ်းဖက်စစ်ကောင်စီများဝင်ရောက်လာချိန်တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရပြီး ထွက်မပြေးနိုင်ဘဲ ကျန်ရစ်သူများနှင့် နောက်ကျန်ခဲ့သူများကို စစ်ကောင်စီ ဝင် များက လိုက်လံ ပစ်သတ်ခဲ့၍ စုစုပေါင်း ၆ ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၂၃ ရက်နေ့က စတင်ကာ တောင်မွှာကျေးရွာကို ရောက်ရှိနေခြင်း ဖြစ်ပြီး ကျေးရွာ ဘုန်း ကြီးကျောင်း၌ တပ်စွဲထားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တောင်မွှာကျေးရွာတွင် ဆုံးရှုံးသွားသည့် အိမ်ခြေ စာရင်းမှာ ကောက်ယူဆဲ ဖြစ်ပြီး လက်ရှိအချိန်အထိ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးသွားပြီဖြစ်ကြောင်းသိရှိရသည်။ khit thit

ကချင်ပြည်နယ် ဗန်းမော်ခရိုင်က မုန်တိုင်းသင့်ကျေးရွာများ အကူအညီမရသေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မုန်တိုင်းသင့်ကျေးရွာတွေ ဒီနေ့အထိ ဘယ်အကူအညီမှ မရသေးတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့က တိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် မိုးမောက်နဲ့ မံစီမြို့နယ်ထဲက မိုင်းကုန်း၊ ဝထန်၊ ခက်မာ၊ အောင်နန်ရွာတွေဘက်မှာ နေအိမ် အလုံး ၆၀ ကျော် ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ဒီနေ့အထိ ဘယ်အထောက်အပံ့ အကူအညီမှ မရရှိသေးတာကြောင့် ရတဲ့နည်းနဲ့ နေဖို့ထိုင်ဖို့ စားသောက်ဖို့ ဖန်တီးနေရပြီး အခက်အခဲဖြစ်ကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတွေရဲ့ စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးခဲ့ပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် မိသားစုတွေ စိတ်ပူနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ DVB

မီးရှို့ခံရသော မြင်းခြံ မန်ကျည်းစုရွာတွင် အ မျိုးသမီးကြီးတစ်ဦး သေဆုံ

စစ်ကောင်စီ လက်နက်ကိုင်များက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာကို ယနေ့ (မေ ၂၄) တွင် မီးတင်ရှို့စဉ် ထွက်မပြေးနိုင်သော အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကာ မသန်စွမ်းတစ်ဦး အပြင်းအထန် ဒဏ်ရာရသည်။

နိုင်ငံအလယ်ပိုင်း မြင်းခြံမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ အိမ်ခြေ ၂၅၀ ကျော်ရှိ မန်ကျည်းစုရွာကို ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များက စစ်ထရပ်ကား ၃ စီးဖြင့် ရောက်လာစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး အိမ်များကို မီးရှို့ခဲ့သည်ဟု မန်ကျည်းစုရွာသား ၃ ဦးက Myanmar Now ကို ယနေ့ ပြောသည်။

မီးလောင်သေဆုံးသူမှာ အသက် ၆၀ ကျော် ဒေါ်အေးကြိုင် ဖြစ်သည်ဟု သိရသည်။

ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းဖြစ်နေသော အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေးလည်း မီးလောင်ကာ ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးလုံးမှာ နေအိမ်ပြင်ပသို့ ထွက်ပြေးနိုင်ခဲ့ခြင်းမရှိဟု သိရသည်။

စစ်သားများနှင့် ပျူစောထီးများက ညအချိန် ရုတ်တရက် ဝင်ရောက်လာသောကြောင့် မန်ကျည်းစုရွာ ဒေသခံများ ပစ္စည်းသိမ်းဆည်းချိန်မရဘဲ အသက်လု ထွက်ပြေးကြရကြောင်း၊ ကျေးရွာ၏ သုံးပုံနှစ်ပုံ အိမ်ခြေစုစုပေါင်း ၁၀၀ ကျော် မီးလောင်ပြာကျသွားကြောင်း နေအိမ် မီးရှို့ခံရသည့် ရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးနဲ့ နှစ်ချက်ထုတယ်။ ကျန်တာတော့ လက်နက်ငယ်တွေနဲ့ ပစ်နေတာ။ အချက်ရေ များတယ်။ ပြောရရင် ဒီကောင်တွေ လူတွေအိပ်နေတဲ့အချိန်၊ လူတွေပါ သေအောင် ရည်ရွယ်ချက်ရှိရှိ မီးလာရှို့တာ”

၎င်းကိုယ်တိုင်လည်း နေအိမ်အဆောက်အအုံ ၃ လုံး၊ လယ်ယာစက်ကိရိယာများ ဖျက်ဆီးခံရသည်၊ ဆုံးရှုံးမှု ပမာဏ ကျပ်သိန်းထောင်ချီ ရှိသည်ဟု သိရသည်။

မီးလောင်မှုအတွင်း အပြင်းအထန် ဒဏ်ရာရသွားသည့် ကိုခင်မောင်ဌေးမှာ လွန်ခဲ့သည့် ၇ လဝန်းကျင်က ကျေးရွာအနီး နွားကျောင်းနေစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံရခြင်းကြောင့် လူကောင်းပကတိမှ အောက်ပိုင်းသေသွားသူဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ရုပ်ပျက်ဆင်းပျက် မီးလောင်ကျွမ်းထားသည့် အမျိုးသမီးကြီး၏ ရုပ်အလောင်းကို ရွာခံများက ယနေ့ နံနက်တွင် သင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။ 

မီးလာရှို့သူများသည် စစ်ယူနီဖောင်းများ၊ အရပ်ဝတ်များ ဝတ်ဆင်ထားကြပြီး ကျောက်ကန်ကျေးရွာ ပျူစောထီးခေါင်းဆောင် လှမိုးဦးဆောင်သည့် အဖွဲ့လည်း ပါဝင်ကာ တန်ဖိုးကြီးပစ္စည်းများ စိတ်ကြိုက် မွှေနှောက်ယူဆောင်ပြီးနောက် နေအိမ်များကို ဓာတ်ဆီလောင်း မီးရှို့သွားခြင်းဖြစ်သည်ဟု အထက်ပါရွာခံက ပြောသည်။ 

မီးရှို့ရသည့် အကြောင်းရင်း

မန်ကျည်းစုကျေးရွာကို စစ်ကြောင်းထိုးစဉ် မီးလောင်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ သတင်းပေးဟု အမည်ထွက်နေသည့် မန်ကျည်းစုရွာသား ကိုမင်းမင်းဆိုသူကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် စစ်တပ်က ယင်းညမှာပင် ကျေးရွာ စီးနင်းမီးရှို့ခြင်း ဖြစ်နိုင်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် ဒေသခံတချို့က ယူဆကြသည်။

လက်ရှိတွင် မန်ကျည်းစုရွာ ဒေသခံ ၅၀၀ ကျော်သည် တောတောင်များအတွင်းနှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း အသက် ၄၀ ကျော်အရွယ် ရွာသားနောက်တစ်ဦးကလည်း ပြောသည်။

ထိုရွာသားလည်း အဆောက်အအုံ ၂ လုံး၊ ရေစုပ်စက်နှင့် လှည်းပါမကျန် မီးလောင် ဆုံးရှုံးသွားသည်၊ မီးမလောင်မီ လုပ်ငန်းသုံး နွားများကို ကြိုးဖြတ်လွှတ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

မန်ကျည်းစုရွာကို စစ်တပ်နှင့် ပျူစောထီးများ မကြာခဏ ဝင်စီးလေ့ရှိပြီး ယခင်က ရွာအတွင်းမှ နေအိမ် ၅ လုံး မီးရှို့ခံရကြောင်း၊ ယခုတစ်ကြိမ်တွင် လောင်ကျွမ်းမှု များပြားလွန်းသဖြင့်၊ ယနေ့ နေ့လယ်အထိ မီးမငြိမ်းသေးကြောင်း မန်ကျည်းစုရွာမှ ဒေသခံအခြားတစ်ဦးက ပြောသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်း အကြမ်းဖက်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ လက်နက်ကိုင် ခုခံမှု အားကောင်းသည့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြန်မာနိုင်ငံအလယ်ဗဟိုရှိ မြင်းခြံမြို့နယ်တွင် စစ်တပ်ဩဇာခံ ပျူစောထီးအဖွဲ့များလည်း လှုပ်ရှားနေသည်၊ အနီးရှိ ကျောက်ကန်ရွာနှင့် လယ်သစ်ရွာတို့တွင် အခြေစိုက်သော ပျူစောထီးများက စစ်ကောင်စီတပ်သားများနှင့် တွဲပြီး ရွာနီးချုပ်စပ်ကျေးရွာများကို ဝင်မွှေလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

“စကစနဲ့ တွဲပြီးတော့ နယ်မြေခံတွေကို ပြဿနာလိုက်ရှာတာ၊ လုတာယက်တာတို့၊ ဒီနယ်မြေမှာ တော်တော်လေး သောင်းကျန်းနေတာ။ လုတယ်ယက်တယ်ဆိုတာက ခရီးသွားပြည်သူတွေကို လမ်းမှာ တစ်ယောက်စ နှစ်ယောက်စ တွေ့ရင် လုတာတို့ပေါ့။ သူတို့ နိုင်မယ်ထင်တဲ့ ကျေး ရွာတွေဆိုရင် ပစ္စည်းဝင်ယူတာတို့ လုပ်နေတာတော့ ကြာပြီ” ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီက ၎င်းတို့၏ လက်နက်ကိုင်များ ပြုမူပုံနှင့် ပတ်သက်ပြီး သတင်းဖော်ပြမှုများကို တုံ့ပြန်ခြင်း မရှိပေ။ သို့သော်လည်း အာဏာသိမ်း ဗိုလ်ချုပ်များက ၎င်းတို့၏ လက်နက်ကိုင်များက ပြည်သူကို အကာအကွယ်ပေးနေသည်ဟု မကြာခဏ ပြောဆိုလေ့ရှိသည်။

နိုင်ငံအလယ်ပိုင်းဒေသသည် စစ်တပ်စခန်း အများအပြားရှိခြင်း၊ မြေပြန့်လွင်ပြင်ဖြစ်သည့်အပြင် လက်နက်နှင့် ထောက်ပို့လမ်းကြောင်း ခက်ခဲခြင်းတို့ကြောင့် တော်လှန်ရေးအဖွဲ့များက ပြောက်ကျားနည်း အားပြုကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

မြင်းခြံခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၇ ခုရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်အတူ ပူးပေါင်းလှုပ်ရှားနေကြသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တွင် အများဆုံးဖြစ်ကြောင်း မီးရှို့ခံရမှုအကြောင်း စာရင်းပြုစုနေသော Data For Myanmar အဖွဲ့၏ မတ် လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ myanmar now

အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦးပေးပို့ရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦး ပေးပို့နေရကြောင်း ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အင်းတော်မြို့နယ်၊ အနောက်ဖက်ခြမ်းရှိ နန့်သာအောင်းကုန်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အရာရှိများ ပျော်ပါးရန် အတွက် ကျေးရွာနေ ပြည်သူများက မိန်းကလေးငယ် ၅ ဦးကို ကျေးရွာမှ နေ့စဥ် ပေးပို့နေရကြောင်း သိရှိရသည်။

” ကျေးရွာမှာရှိတဲ့ မိန်းကလေးငယ် ၁ ရက်ကို ၅ ဦး ခြေတော်တင်ဖို့ ပျော်ပါးဖို့အတွက် ကျေးရွာမှာရှိတဲ့ အစိမ်း ထောက်ခံတဲ့ သူတွေက ကိုယ့်ရွာသူ ရွာသားတွေရဲ့ မျက်နှာမှ မထောက် သူများ သားပျို သမီးပျိုတွေကို ဒီလိုဖျက်လို့ဖျက်ဆီးလုပ်တာ တော်တော်ရင်နာစရာလည်းကောင်းတယ်။ တော်တော်စိတ်နာစရာလည်းကောင်းပါတယ်။ ဘယ်သော အခါမှ ဒါမျိုးတွေ မဖြစ်စေရဘူး” ဟု ABSDF မြောက်ပိုင်းမှထောက်လှမ်း ရေး တာဝန်ခံ ကိုစောကပြောဆိုသည်။

ကျေးရွာသူ ကျေးရွာသားများသည် ရွာကို အန္တရာယ် ပြုမည် စိုးရိမ်သောကြောင့် အဆိုပါ ဖြစ်ရပ်ကို မတိုင်တန်းရဲဘဲ ကြိတ်မှိတ် ခံစားနေရသည်ကို မကြည့်ရက်သောကြောင့် တပ်တွင်း သတင်းပေး ၁ ဦးမှ တိုင်ကြားလာသည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်အရှက်တရား၊ ဂုဏ်သိက္ခာတို့ကို ကာကွယ်ပေးရန်အတွက် ABSDF စစ်ကြောင်းမှ မဟာမိတ်ညီနောင်များနှင့် ပူးပေါင်းကာ သွားရောက်လှုပ်ရှားခဲ့ရခြင်းဖြစ်ပါတယ်။

” ကျွန်တော်တို့ အင်းတော်မှာ စစ်ကြောင်းထိုးရတဲ့ ရည်ရွယ်ချက်ကလည်း ပြည်သူတွေပေါ်မှာ အရည်းကြီး ဆန်ဆန် ကျင့်သုံးနေတဲ့ ပြည်သူတွေအပေါ်မှာ အနိုင်ကျင့်နေတဲ့ ကာမနဲ့ ပတ်သက်ပြီးတော့ လိင်ကျွန်တွေ ပြုမူနေတဲ့ ကျေးရွာတွေကို ကျေးရွာအမျိုးသမီးငယ်တွေ အပေါ်မှာ လိင်ကျွန်ပုံစံမျိုး ဆက်ဆံနေတဲ့ စစ်ကောင်စီဟာ ဖက်ဆစ်ထက် ဆိုးဝါးတဲ့ တစ်ကယ်ကို အရိုင်းဆန်တဲ့ တကယ်ကို ဆိုးဝါးတဲ့ စစ်ကောင်စီကို တားဆီးဖို့အတွက် ကျွန်တော်တို့ စစ်ရေး လှုပ်ရှား ရခြင်းဖြစ်တယ်” ဟု ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ထပ်မံ ပြောဆိုသည်။

လက်ရှိချိန်တွင် အင်းတော်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ABSDF၊ PDF ပူးပေါင်း တပ်ဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ် တပ်ဘက်က ထိခိုက်သေဆုံးသူ များပြားကြောင်း သိရသည်။ khit thit

ကချင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကနေ တနိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတလျေှာက်မှာတွေ့ တဲ့ ဒေသခံပြည်သူတွေကို  စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

စစ်ကောင်စီတပ် အင်အား ၈၀ ခန့်ဟာ ဖားကန့်မြို့နယ်ဘက်ကနေ တနိုင်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ မေ ၁၅ ရက်ဝန်းကျင်က စတင် စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာရှိနေတဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ တခြားကျေးရွာတရွာ အရောက်မှာ ပြန်လွှတ်ပေးပြီး တခြားကျေးရွာက ပြည်သူတွေကို ထပ်မံဖမ်းဆီး ခေါ်ဆောင်တဲ့ပုံစံတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တနိုင်းဒေသခံတဦးက “စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ လမ်းတလျေှာက် တွေ့ရာလူကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်တယ်။ ကလေးကအစ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် အကုန်ဖမ်းတယ်။ စစ်ကြောင်းက နောက် တခြားရွာတရွာရောက်မှ ခုနဖမ်းလာတဲ့သူတွေကို ပြန်လွှတ် ပေးပြီး နောက်တရွာကလူတွေကို ထပ်ဖမ်းတဲ့ပုံစံ လုပ်လာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာ KIA က ကြားဖြတ် တိုက်ခိုက်တာတွေ ပြုလုပ်နေကာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတဲ့အတွက် ကြားဖြတ်တိုက်ခိုက်ခံရတာတွေ မဖြစ်တော့ကြောင်း သိရပါတယ်။

“စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ၊ စစ်ကြောင်းထိုးတာတွေ လုပ်ရင် KIA က ကြားဖြတ်တိုက်တာရှိတယ်။ အခုပုံစံက ဒေသခံပြည်သူတွေကို အရှေ့အနောက်မှာ ထားပြီး စစ်ကြောင်းထိုးတော့ ကြားဖြတ်တိုက်ခိုက်ခံရတာ မရှိဘူး ဆိုပြီး ပြည်သူတွေကို လူသားဒိုင်း ပြုလုပ်တာ ဖြစ်နိုင်တယ်” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

မေ ၁၇ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ နန့်ယားကျေးရွာနဲ့ ခင်တောင်ကျေးရွာကို ဝင်ရောက်ပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်တွေ အပါအဝင် အမျိုးသား အမျိုးသမီး ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ DVB

« Older Entries