ကော့ကရိတ်မြို့နယ်တွင် ခရစ်ယာန်ဘုရားကျောင်းကို  စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ

ကေအန်ယူနယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊  ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်း ဗုံးထိမှန်ပြီး ပြန်လည်ပြုပြင်လို့မရတဲ့အထိ ပျက်စီးသွားတယ်လို့ ကေအန်ယူ ဗဟိုက မေလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၀၁) နယ်မြေ၊ မောခီးကျေးရွာအုပ်စု၊ ခလယ်လောကျယ် (ခ)ပနွယ်ဖိုးကလိုး ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်က ၂၀၂၃ ခုနှစ် မေလ ၂၃ ရက် ည ၁၁ နာရီခွဲမှာ တိုက်လေ ယာဉ်နဲ့  ဗုံး ၂ လုံးကြဲချခဲ့လို့  ခရစ်ယာန်ဘုရားကျောင်း လုံးဝပျက်စီးသွားတာလို့ ဆိုပါတယ်။

ပေါင် ၅၀၀ ဗုံး ၂ လုံး နဲ့ ခရစ်ယာန် ဘုရားကျောင်းဝင်းတည့်တည့်ကို လာရောက်ဗုံးကြဲသွားခဲ့လို့ ဘုရားကျောင်းအဆောက်အအုံတွေ ကြေမွပျက်စီးသွားခဲ့ပြီး လူထိခိုက်သေဆုံးတာတော့မရှိဘူးလို့ KNU ဗဟိုပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်မှာရှိတဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်ဘက်နဲ့ ဆိုင်တဲ့နေရာတွေကို လေကြောင်းကနေရော မြေပြင်ကပါ လက်နက်ကြီးနဲ့ပါ ပိုမို ပစ်ခတ်တိုက်ခိုက်လာနေခဲ့တယ်လို့ ဆိုပါတယ်။

KNLA တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆ နေရာထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ မိတ်ဖက်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ  ပုံမှန်ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

KNU တပ်မဟာ ၆ နယ်မြေထဲက  ဒေသခံတယောက်က “အခုစစ်တပ်ဘက်က ရွာသားတွေကို လူသားဒိုင်းသဖွယ် ဖမ်းဆီးတာတွေရှိတယ်။ ရွာသားတွေလည်း စစ်ကောင်စီဘက်က ဖမ်းဆီးသတ်ဖြတ်တာတွေ လေကြောင်းရန်နဲ့ မြေပြင်လက်နက်ကနေလက်နက်ကြီးပစ်ခတ် တိုက် ခိုက်လာတွေကြောင့် လူတွေဟာ ရွာမှာ အများစုကမနေရဲကတဲ့သူတွေများလာတယ်”လို့ ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေကြောင့် သာမန်အရပ်သားထိခိုက်သေဆုံးတွေမှာ များလာနေပြီး စစ်ရှောင်တွေလည်း အရေးပေါ်အကူညီတွေလိုအပ်နေသလို စစ်ကောင်စီရဲ့ မြေပြင်ဝေဟင်ကနေတိုက်ခိုက်မှုတွေကြောင့် ပြည်သူ့ပိုင်နေအိမ်တွေနဲ့ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းတွေပါ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s