ဗန်းမောက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အ လင်းဝင်ပါက ဂုဏ်ပြုငွေများ ချီးမြှင့်ပြီး စိတ်ဆန္ဒရှိသည့် နေရာကို ပို့ဆောင်ပေးမည်ဟု ဗန်းမောက် PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလင်းဝင်လာပါက ဂုဏ်ပြုချီးမြှင့်ငွေများနှင့်အတူ စိတ်ဆန္ဒရှိသည့် နေရာကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ (B.P.D.F) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဗန်းမောက် PDF တပ်ဖွဲ့အနေဖြင့် စစ်သား၊ ရဲ၊ ပြည်သူ့စစ်၊ ပျူစောထီးနှင့် SNA စသည့် အဖွဲ့ အစည်း များမှ အရာရှိ စစ်သည် အဆင့်ဆင့်အလိုက် အရှင် သို့မဟုတ် အသေ ဖမ်းဆီး နိုင်သူများကိုလည်း ဆုကြေးငွေများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ CDM ပြုလုပ်ကာ အလင်းဝင်လိုသူများ၊ CDM ပြုလုပ်ရန် အခြေအနေမှန်များ ကိုရှင်း ပြ စည်းရုံးနိုင်သူများကိုလည်း အသီးသီး ဆုငွေများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် လွတ်လပ်သော နိုင်ငံရပ်ခြားသို့ ခိုလှုံလိုလျှင် အစအဆုံး ကူညီသွားမည်ဖြစ်ပြီး ပြည်တွင်းလွတ်မြောက်နယ်မြေတစ်ခုတွင် နေထိုင်လိုပါက နေရေးထိုင်ရေး၊ စားဝတ်နေရေးများ ထောက်ပံ့ပေးမည့်အပြင် မိသားစုများကိုလည်း ခေါ်ယူနေထိုင်ခွင့် သို့မဟုတ် မိသားစုများကို အရင်ခေါ်ယူခြင်းနှင့် မိသားစု ထောက်ပံ့ကြေးများလည်း ပေးမည်ဖြစ်ကြောင်း ဗန်းမောက် ကာကွယ်ရေး တပ်ဖွဲ့ (B.P.D.F) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆင့်အလိုက် ၊ လက်နက်အမျိုးအစားလိုက် ဆုကြေးငွေများကိုလည်း ပေးအပ်သွားမည်ဖြစ်ပြီး –

▪ တပ်သား မှ တပ်ကြပ်အထိ – ၅သိန်း

▪ တပ်ကြပ်ကြီးမှ ဒုဗိုလ်အထိ – သိန်း ၃၀

▪ ဗိုလ်မှ ဗိုလ်ကြီးအထိ – သိန်း ၅၀

▪ ဒုတပ်ရင်းမှူး ၊တပ်ရင်းမှူး – သိန်း ၁၀၀

▪ ဗျူဟာာမှူး – သိန်း ၁၅၀

▪ တပ်မမှူး – သိန်း ၂၀၀

▪ MA.1 – ကျပ်သိန်း ၁၀၀

▪ MA.2 – ကျပ်သိန်း ၁၅၀

▪ MA.3 – ကျပ်သိန်း ၁၂၀

▪ MA.4 – ကျပ်သိန်း ၁၅၀

▪ MA.5 – ကျပ်သိန်း ၇၀

▪ G3 – ကျပ်သိန်း ၁၀၀

▪ G4 – ကျပ်သိန်း ၁၅၀

▪ UZI – သိန်း ၈၀

▪ MA7 – သိန်း ၁၈၀

▪ RPG – သိန်း ၂၀၀

▪ sniper – သိန်း ၃၀၀

▪ 81mm – သိန်း ၃၀၀

▪ 84mm – သိန်း ၄၀၀

▪ 120mm – သိန်း ၁၀၀၀

▪ 60mm ကျည်၁လုံး – ၃သိန်း

▪ 81mm ကျည်၁လုံး – ၅သိန်း

▪ 84m ကျည်တစ်လုံး – ၅သိန်း

▪ RPG ကျည်တစ်လုံး – ၇သိန်း

▪ စက်လက် – သိန်း ၂၀၀

▪ 120 ကျည်တစ်လုံး – သိန်း ၂၀ နှင့်

အခြားသော စစ်သုံးလက်နက် ၊ ပစ္စည်း ၊ကျည်ဆန်များကိုလည်းအရေအတွက် ၊ တန်ဖိုးများအလိုက် ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၊ Bamauk Revolution ( BR) page နှင့် ဖုန်း ၀၉ ၈၉၂၆၂၁၉၇၂ တွင် ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ (B.P.D.F) ထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s