မိုးဗြဲမြို့၊ လွယ်ဝိုင်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူနေအိမ် ၂ လုံးထိခိုက်ပျက်စီး


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲကျေးရွာအုပ်စု လွယ်ဝိုင်းကျေးရွာကို ယမန်နေ့ မတ်လ ၂၃ ရက် ညနေ ၁၀ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။
“မနေ့ည ညနေ ၁၀ နာရီ ဝန်းကျင်မှာ နှစ်ကြိမ်လာကြဲသွားပါတယ်။ ရွာထဲမှာကျတယ်။ လူတော့ထိခိုက်တာမရှိဘူး အိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
မိုးဗြဲအုပ်စုအတွင်းမှ စစ်ဘေးရှောင်ပြည်သူများ ထိုကျေးရွာတွင် ခိုလှုံလျက်ရှိပြီး စစ်ဘေးရှာင်ဦးရေ ၂၃၀ ဝန်းကျင်သည်။
လက်ရှိတွင် စစ်ကောင်စီက ထပ်မံ လာရောက်ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သည့်အတွက် ယနေ့ ညတွင် လုံခြုံမည့် အခြားနေရာသို့ ပြောင်းရွေ့မည်ဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။ mizzima