မြိတ်မြို့ပြင်၊ စစ်တပ် တပ်ရင်း ၃ ခုကြားရှိ Mytel တာဝါတိုင်ကို မိုင်းခွဲဖြိုချ

တနင်္သာရီတိုင်း၊ မြိတ်မြို့ပြင်၊ တပ်ရင်း ၃ ခုကြားရှိ အကြမ်းဖက် စစ်တပ် အုပ်စုပိုင် Mytel တာဝါတိုင် ကို မိုင်းခွဲဖြိုချ ဖျက်ဆီးခဲ့ကြောင်း King Cobra Force (တောကြီးမြွေဟောက်တပ်ဖွဲ့)မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၃ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က မြို့နှင့် မိုင် ၂၀ အကွာရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် ၄၀၁ ၊ ၅၁၀ တပ်၊ ခလ ရ ၁၇ တပ်ရင်း ၃ ခုကြားရှိ အကြမ်းဖက် စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ လဲကျပျက်စီးခဲ့ကြောင်း သိရသည်။

“တာဝါတိုင်က လဲကျသွားပါတယ်၊ မြိတ်မြို့နဲ့မိုင် ၂၀ အကွာ အမြောက်တပ် ၄၀၁ ၊ ၅၀၁၊ ခလရ ၁၇ ကြားမှာရှိတာပါ” ဟု King Cobra Force (တောကြီးမြွေဟောက်တပ်ဖွဲ့)မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မြိတ်မြို့ရှိ အကြမ်း ဖက်စစ် တပ်ထောက်တိုင်များအနေဖြင့် ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ကြရန် စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ် ငြိမ်းဖို့ မြိတ် (ဘိတ်) ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် လှုပ်ရှားမှုများကို Page Messenger မှတဆင့် သတင်းပေးကူညီခြင်းဖြင့် နိုင်ရာ ထမ်းဆောင်ပေးကြပါရန် King Cobra Force (တောကြီးမြွေဟောက်တပ်ဖွဲ့)က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s