မြောင်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြိုင်မြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် တပ် ရင်း အမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ ရွာစဥ်လှည့်၍ ခိုးယူ လုယက်နေသည့် အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ နှင့် မဟာမိတ်အဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၎င်း တို့ခိုးယူလာသည့် ပြည်သူပိုင်ပစ္စည်းများကို ပစ်ချပြီး စစ်သားအလောင်းများကို ထမ်းပိုးထွက်ပြေးသွားကာ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိအ ခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Eagle Brigade အဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိုင်မြို့ပေါ် အထက ၂ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ် ဖွဲ့များက ပထမအကြိမ် ဗုံးသီး 2 kg ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြိုင်မြို့ အဝင် ဂိတ်ရှိ အကြမ်းဖက် စစ်တပ်ကို 1 kg ဗုံးသီး ၂ လုံးဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Eagle Brigade ၊ MVRF (Myaing Village Revolution force)နှင့် MSPDF (Myaung Special People defence force) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s