မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအတွင်းတွင် တပ်စွဲထားသော စစ်တပ်ကို RPG ဖြင့်တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရေကြည်မြို့ စစ် ဆေးရေးဂိတ်တွင် PDF ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးမှု ၁ ဦးကျည်ထိမှန်ပြီး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်အထိုင်စခန်းအတွင်း တပ်စွဲထား သော အကြမ်းဖက်စစ်တပ်ကို RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၄ ဦး သေ ဆုံးခဲ့ကြောင်း 11 Brother Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မေလ ၂၁ ရက် ညနေ ၂ နာရီ ၃၉ မိနစ်ခန့်က အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထား သော ကျောက်ရစ်ရဲစခန်းအတွင်း၌ စစ် သား ၆ ဦး အုပ်စုဖွဲ့ဖဲရိုက်နေချိန် စခန်းအနီးအထိ ချဉ်းကပ်ကာ RPG တစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများကို တိုက်ရိုက်ထိ မှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖရဲသီးသတင်းရလို့ စခန်းနားအထိသွားပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ၊ တစ်လုံး ပဲ ပစ်နိုင်ခဲ့တယ်၊ နောက် ထပ်ပစ်ဖို့က စစ်ခွေးတွေဘက်က တန် ပြန်ပစ်ခတ်လို့ ပြန်ဆုတ်လာခဲ့ရတာ၊ ကျနော်တို့ ပစ်တဲ့နေရာကို စနိုက်ပါတွေနဲ့လည်း တန်ပြန် ပစ်တယ်၊ မောင်းပြန်တွေနဲ့လည်း လှမ်းပစ်တယ်၊ လူခွဲပြီးတော့ လိုက်ပစ် တယ်၊ တရစပ်ပစ်တာ၊ ရွှံတွေ၊ ဗွတ်တွေထဲကနေ ပြန်ဆုတ်ပေးခဲ့ရတာ၊ ကျနော်တို့ ရဲဘော် တွေအားလုံး ဘေးကင်းခဲ့ပါတယ်” 11 Brother Revolution Force အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ပြင်မေလ ၂၃ ရက်နေ့ ည ၉ နာရီခွဲအချိန် ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ စစ်ဆေးရေးဂိတ်တွင် PDF ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးကျည် ထိမှန်ဒဏ်ရာရရှိပြီး ဖမ်းဆီးခံရကြောင်း၊ အခြား ၁ ဦးမှာ လွတ်မြောက် သွား ကြောင်း သိရှိရသည်။

“ဖြစ်တာက မနေ့ည ၉ နာရီခွဲ မီးတွေပျက်နေတဲ့အချိန်။ စစ်ဆေးရင်း PDF ဖြစ်တာသိလို့ ပစ်ပြီး လိုက်ဖမ်းတာလို့ ပြောတယ်။ တစ်ယောက်ကပေါင်ထိ အဖမ်း ခံရပါတယ်။ တစ်ယောက်ကတော့လွတ်တယ်” ဟု ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s