ရေးမြောက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၃၀ ဦးသေဆုံးဟုဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာအနီးတွင် ရေးအခြေစိုက် ခလရ(၁၀၆)မှ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူး ပေါင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ခန့် သေ ဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

မေလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အင်အား ၂၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဝါပသဲကျေး ရွာအနီးသို့စစ်ကြောင်းထိုးလာ၍ ကျားဖြူစစ်ကြောင်းမှ တပ်ခွဲ(၁)နှင့်တပ်ခွဲ(၆)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ ရာ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်တွင် ဆုတ်ခွာလာသည့်စစ်ကောင်စီတပ်သားများ အား ကျားဖြူစစ်ကြောင်းမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ခလရ(၁၀၆)မှ စစ်ကူများလည်းတက်လာရာ နှစ်ဖက် ထိတွေ့တိုက်ပွဲ သုံးနာရီခွဲဝန်းကျင်ခန့် ကြာမြင့်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးခန့် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ရာ သေနက်တစ်လက်ပျက်စီးခဲ့ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ရန်နိုင်က ပြောသည်။

“ကျနော်တို့ရဲဘော်တစ်ဦး လက်မှာရှပ်ထိဒဏ်ရာရပြီး သေနတ်တစ်လက်ပျက်စီးသွားပါတယ်။ သူတို့ အခု တော့ ဆုတ်သွားပါပြီ။ မနေ့တနေ့ကဆို လမိုင်းဖက်မှာ ခလရ(၁၀၆)က တပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးတယ်။ သတင်းတော့ ဖုံးထားတယ်”ဟု ဗိုလ်ရန်နိုင်ကမဇ္ဈိမကို ပြောသည်။

သေဆုံးသည့် စစ်ကောင်စီတပ်သားအရေအတွက်ကို မျက်မြင်တွေ့ခဲ့ရသည့် သက်သေများဖြင့် အတည် ပြုထားကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ဝါပသဲကျေးရွာအနီးရှိ ကျားဖြူစစ်ကြောင်း တပ်စခန်းရှိရာ နေရာသို့ စစ်ကောင်စီတပ်ကလေ ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျားဖြူစစ်ကြောင်းမှ မခင်သန္တာဆွေ(ခ) မမြင့်၊ ကိုဇွဲမာန်လင်း(ခ)စနေနှင့် ကိုထွန်းလင်းအောင်(ခ)ကိုမြကြီးတို့သုံးဦးကျဆုံးခဲ့ရပြီး ထိုရဲဘော်သုံးဦး အတွက်လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်း၏ ဒုတပ်ရင်းမှူးစောဝင်းဇော်က ၎င်း ၏လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“မင်းတို့အကို အကြွေးတော့ ပြန်တောင်းလိုက်တာပဲ။ ၃၀ ကျော်ပဲဆိုတော့ မတန်သေးဘူး တပည့်တို့” ဟု ရေးသားထားသည်။

ဝါပသဲကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင် အတွင်းတည်ရှိပြီး မေလအတွင်း စစ်ကောင် စီ၏ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဝါပသဲကျေးရွာအနီးတဝိုက် ရှိ ဘဲလမု၊ ချောင်းနှစ်ခွ စသည့်ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံ ၅၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s