ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့် ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Buffalo Soldiers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် ရွှေဘိုမြို့နယ်၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့်ကို Buffalo Soldiers အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ရွှေဘိုမြို့ အမှတ် ၈ ရပ်ကွက်က ပျူစောထီး အုပ်ကြီး ၁ ကောင် ပွဲချင်းပြီးသေဆုံးတယ် နေအိမ်ထဲကို ဝင်ပစ်တာပါ။ ကျွန်တော်တို့ ရဲဘော်တွေကို အုပ်ကြီး မိသားစုတွေက လိုက်ရန်ရှာသေးတယ်။ ရဲဘော်တွေက မဆိုင်တဲ့သူတွေမို့လို့ ပြန်မပစ်ခဲ့ဘဲ ဆုတ်ခွာခဲ့တယ်” ဟု Buffalo Soldiers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwe Bo (SBDF) DEFENCE FORCE စခန်းခွဲ ၂ ၊ BUFFALO SOLDIERS အဖွဲ့၊ Flying Dragon၊ ဗိုလ်မိကျောင်းနှင့် Snake Eyes PDF တိုက်နယ်၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Buffalo Soldiers အဖွဲ့အနေဖြင့် မြို့ပေါ် မစ်ရှင်များ ဆက်လက် လုပ်ဆောင်ရန် လက်နက် ခဲယမ်း အကူအညီများ လိုအပ်လျက်ရှိပြီး အလှူရှင် လိုအပ် လျက်ရှိကြောင်း Buffalo Soldiers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s