လောင်းလုံမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ကို တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု လဝက ဒုဦးစီးမှူး ၁ ဦး သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းကို တစ်ပြိုင်တည်း ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လဝကဒုဦးစီးမှူး သိန်းမင်းလတ် သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တပ်ဖွဲ့(Guerilla Dawei) ထံမှ သိရသည်။

ယမန်နေ့‌ မေလ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်က အဆိုပါရုံး ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လဝကရုံးအားဝင်ရောက်စီးနင်းမှုတွင် လဝ က ဦးစီးမှူးမှာ ခုခံပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွား ပြီး လဝက ဒုဦးစီးမှူး သိန်းမင်းလတ်မှာ ပြတင်းပေါက်မှ ခုန်ထွက်ရန်ကြိးစား နေချိန် ပစ်ခတ် ရှင်းလင်း ခဲ့လိုက်ကြောင်း သိရသည်။

ထို့အပြင် စရဖရုံးနှင့် လောင်းလုံးမြို့မရဲစခန်းအား ချဉ်းကပ်ပြီး ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အပြန်အ လှန် ပစ်ခတ်မှုဖြစ်ခဲ့ရာ လက်နက်အင်အား ကွာဟသဖြင့် ပြည်သူ့ကာ ကွယ်ရေး ရဲဘောတစ်ဦး ကျည်ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းနှင့် စရဖရုံးအား ပစ် ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်နဂါးတပ်ခွဲ ၁ Guerilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့နှင့် ထား ဝယ်နဂါး တပ်ခွဲ ၅ တို့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့နေ ပြည်သူလူထုနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်အသိပေးထားသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့ညပိုင်းတွင် မြို့ ပေါ် နေပြည်သူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s