သပိတ်ကျင်းတွင် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပေါ်တော်မူကျေးရွာမှာ စစ်ကောင်စီတပ်သား နှစ်ယောက်ကို  မေ ၂၃ ရက် မနက် ၁၁ နာရီက လက် နက်ငယ်နဲ့ ပစ်ခတ်ခဲ့ရာမှာ စစ်သားတယောက် နေရာတင် သေဆုံးခဲ့တယ်လို့ တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမာမီက “ပေါ်တော်မူရွာမှာ စကစဘက်က လက်နက်ကြီး ဆင်ထားတာပေါ့။ လက်နက်ကြီးဆင်ထားတဲ့ နေရာကို ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ အရင်စပစ်တာ၊ ၄၀ မမနဲ့ ပစ်တဲ့အချိန်မှာ သူတို့ဘက်က စစ်သားနှစ်​ယောက်က လက်နက်ကြီးထားတဲ့နေရာကို ပြေးတက်ခဲ့တာ။ ကျနော်တို့ဘက်က လက်နက်ငယ်နဲ့ ပစ်တဲ့အချိန် သူတို့ထဲကတယောက် နေရာတင်သေသွားတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်သားတယောက် နေရာတင်သေဆုံးသွားပြီး တခြားစစ်သားတယောက်ကတော့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် လေးမိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မေ ၂၃ ရက် နေ့ခင်း ၁ နာရီမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်း သန်းပစ်ခတ်ခဲ့ပြီး ညောင်ကုန်းရွာဟောင်းနဲ့ ရွာသစ်ကြားမှာ ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် မတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်သား ၈၅ ယောက်ကို မေ ၂၂ ရက် ညနေ ၄ နာရီမှာ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၅ ကြိမ်ချပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ တကောင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

မတောင်ကျေးရွာက စစ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ပြီးနောက် ဒရုန်းတစင်း ပျက်ကျသွားလို့ ကျပ် သိန်း ၁၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s