အရာတော်မြို့နယ်၊ တောင်မွှာကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာလုံး ကျွတ် မီးရှို့ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

‌ယနေ့ မေလ ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူ ၆ ဦးကို သတ် ဖြတ်ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၆ ဦးမှာ အသက် ၈၀ အရွယ် ဒေါ်ခင်စိန်၊ အသက် ၆၀ အရွယ် ဒေါ်အေးထုပ်၊ အသက် ၇၀ အ ရွယ် ဦးရာညွန့်၊ အသက် ၃၀ အရွယ် ဦးမင်းမင်း၊ အသက် ၇၀ အရွယ် ဦးလှဌေးတို့ သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ အတည်မပြု နိုင်သေးကြောင်း သိရသည်။

“သေဆုံးတာက ၆ ယောက်ဗျ။ မီးထဲပါတာရော သူတို့ လာစဉ် ဖမ်းထားတဲ့ လူက ထွက်ပြေးလို့ သတ်တာရော ကျွန်တော်တို့ ရွာက လူတွေပဲ။ ခုတော့ စကစတွေက ရွာက ထွက်ပြီး ကြွေပုဂံရွာကို မီးရှို့နေတယ်လို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တောင်မွှာကျေးရွာသည် အိမ်ခြေ ၃၆၀ ရှိသည့် ကျေးရွာဖြစ်ပြီး လူဦးရေ ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်ကြကြောင်း အကြမ်းဖက်စစ်ကောင်စီများဝင်ရောက်လာချိန်တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရပြီး ထွက်မပြေးနိုင်ဘဲ ကျန်ရစ်သူများနှင့် နောက်ကျန်ခဲ့သူများကို စစ်ကောင်စီ ဝင် များက လိုက်လံ ပစ်သတ်ခဲ့၍ စုစုပေါင်း ၆ ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၂၃ ရက်နေ့က စတင်ကာ တောင်မွှာကျေးရွာကို ရောက်ရှိနေခြင်း ဖြစ်ပြီး ကျေးရွာ ဘုန်း ကြီးကျောင်း၌ တပ်စွဲထားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တောင်မွှာကျေးရွာတွင် ဆုံးရှုံးသွားသည့် အိမ်ခြေ စာရင်းမှာ ကောက်ယူဆဲ ဖြစ်ပြီး လက်ရှိအချိန်အထိ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးသွားပြီဖြစ်ကြောင်းသိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s