ကျိုက်ထိုတွင် ရွာပေါင်း ၂၅ ရွာမှ ပြည်သူများ အသုံး ပြု နေသည့် ရွာချင်းဆက် လမ်းပိုင်းကို စစ်တပ်က ထပ်မံဖျက်ဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရွာပေါင်း ၂၅ ရွာမှ ပြည်သူများ အသုံးပြုနေသည့် ရွာချင်းဆက် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဖျက်ဆီးခဲ့ကြောင်း Kyaikhto information Team က တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ ည ၇ နာရီကျော်ခန့်အချိန် ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ဂွကျေးရွာတို့၏ ကျေးရွာချင်းဆက် လမ်းဖြစ်သည့် ဒေသအခေါ် လှည်းလမ်းကူး ဦးမောင်ဝင်းခြံလမ်းကို အကြမ်းဖက် စစ်တပ်က လာရောက်ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျိုက်ထိုမြို့နယ်အတွင်း လမ်းများ ဖျက်ဆီးနေသည်မှာ ၅ လမ်းမြောက်ရှိပြီဖြစ်ကြောင်း၊ လာရောက် ဖျက်ဆီးရာတွင် အကြမ်းဖက် စစ်တပ်က အင်အား ၆၀ ကျော်ဖြင့် ကင်းပုန်းဝပ်ပြီး ညအချိန်တွင် ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“မြို့ကို နှစ်ခြမ်းခွဲသလိုဖျက်ဆီးနေတာ။ KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်နယ်မြေ သွားတဲ့ လမ်းတွေ ဖျက်ဆီးခံရတာ” ဟု Kyaikhto information Team မှ တာဝန်ရှိသူက တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လမ်းကို လာရောက် ဖျက်ဆီးသည့် အကြမ်းဖက်စစ်ကောင်စီဝင်များကို ည ၉ နာရီအချိန်တွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ဘက်တွင် ထိခိုက်မှု ရှိသည်ဟု မကြားသိရကြောင်း၊ မိုင်းဆွဲခံရသော အကြမ်းဖက်စစ်သားများသည် ပြန်ဆုတ်နေချိန်တွင်လည်း ပတ်ဝန်ကျင်အား လက်နက်ငယ်တွေဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သွားကြောင်း Kyaikhto information Team ထံမှ သိရှိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ဖျက်ဆီးခံရသည့် လမ်းအားလုံးသည် တစ်လမ်းနှင့်တစ်လမ်း ဆက်စပ်နေသည့် လမ်းများ ဖြစ်ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီဝင်များ ဖျက်ဆီးလိုက်သည့် လမ်းကို အသုံးပြုနေသည့် ကျေးရွာပေါင်း အနည်းဆုံး ၂၅ ရွာကျော်ရှိပြီး အဆိုပါလမ်းကို နေ့စဥ်အသုံးပြုနေရသည့် ဒေသပြည်သူများမှာ အစားအစာ သယ်ယူရေးနှင့် သွားလာရေးတို့တွင် အလွန်ဒုက္ခရောက်နေရကြောင်း Kyaikhto information Team မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s