ချောင်းဦး၊ အမြင့်မြို့ဟောင်း ရဲစခန်း၌ တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်များကို အ ကြောင်းမဲ့ ဖမ်းဆီးပြီး ၁ စီးကို ၃ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်များကို အကြောင်းမဲ့ ဖမ်းဆီးပြီး ၁ စီးကို ၃ သိန်းနှုန်းဖြင့် ပြန်ရွေးခိုင်းကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အမြင့်မြို့ဟောင်း ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ စစ်သား နှင့် ရဲ အင်အား ၅၀ ခန့်သည် ၎င်းတို့ လစာထုတ်ချိန်တွင် အမြင့်မြို့ အပြင်ဘက်သို့သွားကာ လစာမထုတ်ယူရဲသောကြောင့် အမြင့်မြို့ဟောင်းကိုဖြတ်သန်းပြီး အလုပ်သွားလာနေသော ကုန်းသာ၊ နဂါးဗိုလ်၊ တောကျောင်းလေး၊ ရွှေဂူ စသည့် ကျေးရွာများမှ ပြည်သူများ၏ ဆိုင်ကယ်၊ ကားများကို အကြောင်းမဲ့ ဖမ်းဆီးကာ ၃ သိန်းကျပ်ဖြင့် ပြန်ရွေးခိုင်းကြောင်း သိရသည်။

“ဒီကောင်တွေ လစာမထုတ်ရတာကြာပြီ လစာမထုတ်တော့ စားသောက်ဖို့ ပိုက်ဆံမရတာနဲ့ ဆိုင်ကယ်တွေ ဖမ်းပြီး ထားခဲ့ခိုင်းတယ်။ တစ်စီးကို ပိုက်ဆံ ၃ သိန်းနဲ့ လာရွေးဖို့ ပိုက်ဆံပြန်ယူခိုင်းတယ်။ ကျွန်တော်တို့က တစ်နေ့လုပ်မှတစ်နေ့စားသမားတွေပါ။ ဒါကို ဆိုင်ကယ်သိမ်းပြီး ပြန်ရွေးခိုင်းတာကတော့ လွန်ပါတယ် ပြန်ရွေးခိုင်းတာနည်းနည်းလည်းမဟုတ်ဘူးလေ ကားတွေလည်းဖမ်းပါတယ်။ ကားကိုတော့သိမ်းမထားပဲ ပါသမျှပိုက်ဆံတွေ ယူပါတယ်။ အများဆုံး ဖမ်းတဲ့နေရာကတော့ ရွှေကြိုးရစ်ဘုရားနားမှာပဲဖမ်းပါတယ်။ မနက်စောစော အလုပ်သွားချိန်နဲ့ ညနေအလုပ်ပြန်ချိန်တိုင်း ဖမ်းပြီးငွေညှစ်နေတာပါ။ အခုလိုငွေတောင်းနေတာ တော်တော်ကြာနေပါပြီ။ ပြီးရင်မူးယူးသောက်စားနေကြတာပါ” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အမြင့်တိုက်နယ် ရဲစခန်းကို ဒေသ ပြည်သူ့ကာကွယ်ရေးတပ်များမှ ဝင်ရောက် စီးနင်း တိုက်ခိုက် ပြီးနောက် ရဲစခန်းအတွင်းရှိ စစ်သားများပါ အင်အား ထပ်တိုးချထားခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် အမြင့်တိုက်နယ်ရှိ ကံကြီးကုန်း၊ ကံဇီး၊ ကင်မွန်းတော် စသည့် ပျူစောထီး ၃ ရွာ အနီးရှိ ကျေးရွာများမှ ပြည်သူများသည် ၂၀၂၁ ခုနှစ် ကတည်းက ဇာတိရွာများတွင် နေထိုင်၍မရသောကြောင့် နေရပ်စွန့်ခွာခဲ့ရကြောင်း၊ လက်တလောတွင် အမြင့်မြို့၊ ဝယာ၊ ယာကြီးတော၊ ရွှေလှေ၊ ဆီပုဂံ၊ တပါယ်အင်း စသည့် ကျေးရွာများမှ နေရပ် စွန့်ခွာပြေးရသူများမှာ ပျူရွာများနှင့်လွတ်ကင်းရာတွင်နေထိုင်ရပြီး အ စားအသောက်နှင့် ဆေးဝါးများ လိုအပ်နေလျှက်ရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s