ငါန်းဇွန်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သူနတ်စစ်ကျေးရွာအုပ်စု၊ နဘဲပင်ကျေးရွာမှာရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးလွင်စန်း သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မေလ ၂၄ ရက် ည ၈ နာရီအချိန်က  သူ့ရဲ့ ခြံဝင်းအတွင်းမှာရှိတဲ့ ပြောင်းခင်းထဲမှာ ရေတင်နေတဲ့အချိန် အမည်မသိ သေနတ်ကိုင်ဆောင်ထားသူက ပစ်ခတ်သွားတာလို့ သိရပါတယ်။

ဦးလွင်စန်းကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့ ဘယ်အဖွဲ့ကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး ။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး ရွာထဲကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ငါန်းဇွန်မြို့နယ်အတွင်းမှာ အခုနှစ် မတ်လအစပိုင်းတည်းက စစ်ကောင်စီလက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်ဖြစ်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ရာထူးကနေ နုတ်ထွက်သူတွေများလာကြောင်း သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s