စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော် ပျက်စီး ဆုံးရှုံး ပြီး အဖိုးတန်ပစ္စည်းများကို ပျူစောထီးနှင့်စစ်သားများက လုယက်
စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၀၀ ကျော် ပျက်စီး ဆုံး ရှုံးပြီး အဖိုးတန်ပစ္စည်းများကို ပျူစောထီးနှင့်စစ်သားများက လုယက်နေကြောင်း၊ ပဒူ ကျေး ရွာတွင် လက်နက်ကြီးတပ်ဆင်၍ ပြည်သူများကို ရမ်းသမ်းပစ်နေကြောင်း စစ်ကိုင်းမြို့နယ် တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
မေလ ၁၉ ရက်နေ့မှစတင်၍ ပဒူကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး တောက်လျှောက် ဆိုသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပဒူကျေးရွာနှင့်ပဒူရဲစခန်းကို ကာကွယ်နိုင်ရေအတွက် လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာကို မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ နေအိမ် ၅၀၀ ကျော် မီးလောင် ပျက်စီးပြီးနောက် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက နေအိမ်များကို ဖောက်ထွင်း၍ အဖိုးတန် ပစ္စည်းများကို လုယက်နေကြောင်း၊ ပဒူကျေးရွာရဲစခန်းတွင် လက်နက်ကြီး တပ်ဆင်၍ ပတ်ဝန်း ကျင်ကို ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရှိရသည်။
” အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ ပဒူကျေးရွာ ရပ်ကွက် ၄ ခုမှာ နေအိမ် ၅၀၀ကျော် မီးလောင် ဆုံးရှုံးပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာ ပဒူရွာကို စစ်ခွေး ၊ ပျူစောထီးတွေက ထပ် ဝင်လာပြီး မီးမ လောင်တဲ့ လူနေအိမ်များကိုဖောက်တွင်းကာ အဖိုးတန်ပစွည်းများ ယူဆောင် နေပါတယ်။ ဆီပန့်ဆိုင်မှ ဆီများကိုလည်း ခိုးထုတ်ယူနေပါတယ်။ မနေ့က ညနေ ၄ နာရီ ပဒူစခန်းမှ အရှေ့မြောက်ဘက်သို့ လက်နတ်ကြီးနဲ့သုံးချက်ပစ်ခတ်ပါတယ်။ မနေ့က ၁၂ဘီး တစ်စီး ခြောက်ဘီးတစ်စီးနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတာ ဒီနေ့လည်း ဆက်ခိုးနေတယ်” ဟု စစ်ကိုင်းမြို့နယ် တော် လှန်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတိုက်ပွဲများကြောင့် ပဒူ ၊ကံကြီးကုန်း၊ကျောက်ပနန်၊ရွာသစ်၊ တောင်ရင်း ကျေးရွာ အပါအဝင် ဘေးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူ သောင်းချီ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။ khit thit