ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို ပြင်သစ်က အကူအညီများ ထောက်ပံ့မည်

မြန်မာနိုင်ငံရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူများကို အကူအညီများ ထောက်ပံ့ရေး ပြင်သစ်နိုင်ငံအနေဖြင့် စီစဉ်လုပ်ဆောင်လျက် ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြင်းထန်သော မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြန်မာတွင် လူ ၉၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ အိုးအိမ်မဲ့ဖြစ်ရပြီး လူအများအ ပြား သေဆုံးခဲ့ရပြီးနောက် ပြင်သစ်အနေဖြင့် မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် ထိခိုက်ဝမ်းနည်းရပြီး မိသားစုများနှင့် ထပ်တူ ခံစားရကြောင်းနှင့် မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများ သို့မဟုတ် ထိခိုက်ပျက်စီးမှုများ တွေ့ကြုံခံစားရသူအားလုံးနှင့် တစ်သားတည်း ရှိကြောင်း ထုတ်ပြန်သည်။
ယခုအခါ မုန်တိုင်းဘေးသင့်ဒေသများတွင် အဓိကလိုအပ်ချက်တစ်ခု ဖြစ်နေသည့် သောက်သုံးရေ ရရှိရေးနှင့် အရေးပေါ် အမိုးအကာ အ ဆောက်အအုံများ ထောက်ပံ့နိုင်ရေး မြေပြင်၌ လည်ပတ်လုပ်ကိုင် ကြိုးစားအားထုတ်နေကြသည့် လူသားချင်းစာနာမှု အဖွဲ့အစည်းများကို ပံ့ပိုးပေးအပ်သွားရန် ပြင်သစ်အနေဖြင့် ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိမိတို့အနေဖြင့် ပြောင်းလဲနေသော လိုအပ်ချက်များကို တုံ့ပြန်ရာတွင် အံဝင်ခွင်ကျ စီမံလုပ်ဆောင်ရန် အသင့်ရှိသည်ဟုလည်း ပြင်သစ်နိုင် ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြင်သစ်အနေဖြင့် အားနည်းချက်ရှိသော ပြည်သူအားလုံးထံ လူသားချင်းစာနာမှု အကူအညီများကို အဟန့်အတားမဲ့ အသေအချာ ထောက်ပံ့ပေးပို့နိုင်ရန် စိတ်ပိုင်းဖြတ်ထားကြောင်းနှင့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ထပ်လောင်း ပြောကြားထားသည်။ mizzima