ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်က တိုက်လေ ယာဉ်ဖြင့် ညအချိန်မတော် ဗုံးကျဲမှု တော် လှန်ရေး ရဲဘော် ၅ ဦးကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ည အချိန် မတော် ဗုံးကျဲမှု တော်လှန်ရေး ရဲဘော် ၅ ဦးကျဆုံးကြောင်း တော်လှန် ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၂၄ ရက်နေ့ ညနက်ပိုင်းတွင် စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်း ဒေါတဝီနှင့် ပဆေးလာကျေးရွာအကြားကို ဗုံးကျဲချကြောင်း၊ ယင်းသို့ ဗုံးကျဲချမှုကြောင့် KNDF တပ်ရင်း ၆ မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

” မနေ့ညက တိုက်လေယာဉ် ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ၆ ကြိမ်လောက်လှည့် ပတ်ကျဲချသွားတယ်။ တပ်ရင်း က ရဲဘော် ၅ ဦးကျဆုံးပါတယ်။ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု တော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s