နတ်မောက်တွင် PDF တပ်ခွဲမှူးကို လာဖမ်းသည့် နယ်ထိန်းရဲ အောင်သူ ဦး ဆောင် သော စစ်ကြောင်းကို မိုင်းခွဲမှု ၄ ဦးပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရ ၃ ဦး ဆေးရုံတွင် ထပ်သေသဖြင့် စုစုပေါင်း ၇ ဦးသေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် PDF တပ်ခွဲမှူးကို လာဖမ်းသည့် နယ် ထိန်း ရဲ အောင်သူ ဦးဆောင်သော စစ် ကြောင်းကို PDF တပ်က မိုင်းခွဲ တိုက် ခိုက်ရာ နယ်ထိန်းရဲ အောင်သူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးပွဲ ချင်း ပြီး သေဆုံးပြီး ဒဏ်ရာရ ၃ ဦး ဆေးရုံတွင် ထပ်သေသ ဖြင့် စုစုပေါင်း ၇ ဦးသေ ဆုံးခဲ့ ကြောင်း နတ်မောက် ဂဠုန် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နတ်မောက်မြို့နယ်၊ မြင်းတဲ ကြီး လမ်းဆုံ ဖူးပွင့်ဝေစားသောက်ဆိုင်တွင် ခေါက်ဆွဲကြော်လာစား သည့် နတ် မောက် ဂဠုန် PDF တပ်ခွဲမှူး ဗိုလ်အောင်ဒင်ကို အကြမ်းဖက် စစ်တပ်က လာရောက်ဖမ်းဆီးစဥ် ဆိုင်ကယ်ထဲရှိ ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကြောင်း၊ ဒဏ် ရာရရှိသူ ၅ ဦးအနက်မှ ၃ ဦးမှာ ဆေးရုံတင် သေဆုံးသွားကြောင်း၊ သေဆုံး သူများတွင် နယ်ထိန်းရဲ အောင်သူလည်း ပါဝင်ကြောင်း သိရှိရသည်။

“ခွေးအုပ်စုက လာဝိုင်းတာ။ တပ်ခွဲမှူးက လွတ်အောင်ပြေးထွက်န်ိုင်ခဲ့ပြီး တပ်ခွဲ မှူးဆိုင်ကယ်ကို ဝိုင်းနေတုန်း တပ်ခွဲမှူးက ဆိုင်ကယ်ထဲက ဆွဲမိုင်းကို ခွဲလိုက် တာ ။ လူလွတ်သွားလို့ ဆိုင်ကယ်ကိုဝင်စစ်ချိန် တပ်ခွဲမှူးက ခွဲလိုက်တာ။ သေ တာက စုတ်ပြတ်သွားတယ် ပြောတယ်။ အောင် သူနဲ့ ဇော်မျိုးလို့သိရတယ်။ သူတို့ ရာထူးတွေတော့ မသိဘူး။ ၄ ကောင်တောင်တဲ့ သေတာ။ဒဏ်ရာရသူ ၃ ဦးလည်း ဆေးရုံမှာ ထပ်သေ တယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နတ်မောက်မြို့ခံ ဒေသပြည်သူတစ်ဦးကလည်း နယ်ထိန်းရဲ အောင်သူ မိုင်းခွဲခံရ ၍ သေဆုံးမှုကို အတည်ပြုပြီး နယ်ထိန်းရဲ အောင်သူသည် ပြည် သူကို ဒုက္ခ အမျိုးမျိုးပေးနေသူဖြစ်ကြောင်း သိရှိရသည်။

“မိုင်းခွဲခံရပြီး သေတာက စုစုပေါင်း ၇ ယောက်။ ဆေးရုံရောက်မှ ၃ ဦး ထပ် သေ တာ။ နယ်ထိန်းရဲ အောင်သူ ဦးဆောင်ပြီး လာဖမ်းတာ။ နယ်ထိန်းရဲ အောင်သူ ကတော့ ပွဲချင်းပြီး။ အဲဒီကောင်က ဟိုး အရင်ထဲက ပြည်သူကို ဒုက္ခ အမျိုးမျိုး ပေးခဲ့တာ” ဟု နတ်မောက်မြို့ခံ ပြည်သူက ရှင်းလင်းပြောဆိုသည်။

မိုင်းခွဲခံရမှုကြောင့် သေဆုံးသွားသော နယ်ထိန်းရဲ အောင်သူကို မေလ ၂၁ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s