ပခုက္ကူ-ရေစကြို လမ်းတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆရာ၊ ဆရာမ ၆၀ ဦးကျော် ဖမ်းမိပြီး သတိပေး ပြန်လွှတ်


မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို လမ်းတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆရာ၊ ဆရာမ ၆၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့တွင် Young Force UG တပ်ဖွဲ့က ဖမ်းဆီးရမိပြီး သတိပေး၍ ပြန်လွှတ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၈ ရက်နေ့ ညနေပိုင်း မကွေးတိုင်း၊ပခုက္ကူ-ရေစကြို ကားလမ်းမကြီး ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များက လုံခြုံရေးအရ လမ်းပိုင်းစစ် ဆေးခြင်း ပြုလုပ်နေစဉ် ပခုက္ကူမှ ရေစကြိုဘက်သို့ ပြန်လာသော ကား ၃ စီး
ကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်ကောင်စီ၏ ယန္တရားလည် ပတ်စေရန်ပါဝင် ပေးနေသော Non- CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို စစ်ဆေးတွေးရှိရသဖြင့် ခေတ္တထိန်းသိမ်းထားခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် ဆရာ၊ ဆရာမများကို ထိန်းသိမ်းထားရန် အခက်ခဲများ ရှိသည့်အပြင် လက်ရှိဖြစ်ပေါ်နေသော မတရားအာဏာ လုယူခံရမှု အခြေအ နေ၊ ဆရာ၊ ဆရာမများထောက်ခံ နေသော အကြမ်းဖက်စစ်တပ်က ကျေးရွာများကို အကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှု၊ CDM ဆရာ၊ ဆရာမများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ငွေညှစ်နေမှု ၊ နိုင်ငံရေး အသိပညာများကို ရှင်း လင်းပြောဆိုဆုံးမ၍ ပထမဆုံးအကြိမ်နှင့်နောက်ဆုံးအကြိမ် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
“ပခုက္ကူမြို့မှ အလယ်တန်းပြမွမ်းမံသင်တန်းတက်ပြီး ရေစကြိဘက်ပြန်လာတာ၊ ပျူရွာ က ဆရာ၊ ဆရာမတွေလဲပါတယ်၊ ကျနော်တို့ကို စာ သင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေလည်း ပါတယ်၊ ကျနော်တို့တောင် တရားလား၊ မတရား ဘူးလား သိတယ်၊ ဆရာ၊ ဆရာမတို့အနေနဲ့က ဘာဖြစ်လို့ စစ်ကောင်စီ ယန္တရား လည် ပတ် အောင် လုပ်ပေး နေကြရတာလဲပြောတယ်၊ တချို့ဆရာ၊ဆရာမတွေ က တော့ စီးပွားအဆင်မပြေတာတို့ မပြေလည်တာတို့ ပြောတယ်၊ CDM လုပ်ချင် တဲ့ ဆရာ၊ ဆရာမတွေလဲ ပါတယ်၊ တချို့ကျတော့ နောက်မလုပ်တော့ပါဘူးတို့ ၊ ကလေးတွေလဲ ကျောင်းလဲ ကျောင်းမထားတော့ပါဘူးတို့ ပြောတယ်၊ ပစ္စည်း ကတော့ ကားရယ်၊ ဖုန်းရယ်၊ ကျောင်းသုံးပစ္စည်းနဲ့ ဆက်စပ်တာတွေပဲ သိမ်း တယ်၊ ကျန်တာ ဘာမှ မသိမ်းလိုက်ပါဘူး၊ လော်ဘီတွေကတော့ ရွှေထည် ပစ္စည်း တွေသိမ်းတယ်တို့ ဘာတို့ ဝါဒဖြန့်တာတော့ ရှိတယ်၊ ကျနော်တို့ အဲလို မလုပ်ပါဘူး၊ ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းပြီးတော့ သိပ်မကြာဘူး၊ အင်အား ၁၅၀ လောက်နဲ့ စစ် ကြောင်းထိုးလာတော့ ရှိတယ်၊ သူတို့ထင်တဲ့ဘက်ကို လိုက်လာတာ၊ အခု သတင်း ရလို့ စစ်ဆေးရင်း အယောက် ၆၀ လောက်ကြီး ရုတ် တရက် ဖြစ်သွားတာ ဆိုတော့ အများကြီး ကို ထိန်းသိမ်းထားဖို့လည်း ခက်တယ်၊ အဲဒါကြောင့် ပြန်လွှတ်လိုက်ရတဲ့သဘောပါပဲ၊ ကားသမားအပါအဝင် အားလုံး ပညာရေး ဝန်ထမ်းတွေပါပဲ” ဟု Young Force UG တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
Non-CDM ဆရာ၊ ဆရာမများ လိုက်ပါသော ကား ၃ စီးကို သိမ်းယူ၍ လိုအပ် သည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျောင်းသုံး ဆက်စပ် ပစ္စည်းများကို စာသင်ကျောင်းများသို့ ပြန်လည်ခွဲဝေပေးခဲ့ကြောင်း၊ ရွှေထည် ပစ္စည်းများ လုံးဝ သိမ်းယူခဲ့ခြင်းမရှိကြောင်း၊ ပျူစောထီးကျေးရွာမှ ဆရာ၊ ဆရာမများ ပါဝင်သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လွှတ် ပေးခဲ့ ကြောင်း သိရှိရသည်။ khit thit