ပုလောတွင် တိုက်ပွဲကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ မန်ကျဥ်းကုန်းရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး သုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုလော အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ဦးရေ ၂၀ ခန့်သည် ထိုစစ်ကောင်စီ ဂိတ်စခန်းကို ယမန်နေ့ မေလ ၂၄ ရက် မနက် ၁၀ နာရီခွဲက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲအတွင်း မြိတ်မြို့မှ ထားဝယ်မြို့ဘက်သို့ တက်လာသည့် တနင်္သာရီရိုးမ အမည်ရှိ ခရီး သည်တင် ကားတစ်စီး ပိတ်မိခဲ့သည်။

ပုလောမြို့နယ် အခြေစိုက် PDF ရဲဘော် တစ်ဦးက“မနေ့က နှစ်ဖက် တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ မြိတ်ဘက်က တက်လာတဲ့ ခရီးသည်ကား တစ်စီး ပိတ်မိတာမျိုး ဖြစ်ခဲ့တယ်။ အဲ့လို ဖြစ်တဲ့ အချိန်မှာ ကျွန်တော်တို့ အဖွဲ့က ပစ်ခတ်မှုကို ခေတ္တ ရပ်ဆိုင်းထားခဲ့ပေမယ့် စစ်တပ်ဘက်ကတော့ လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ပြန်လည် ပစ်ခတ်တာမျိုး ပြုလုပ်ခဲ့တယ်”ဟု ပြောသည်။

သေဆုံးသူ နှစ်ဦးမှာ မြိတ်ဒေသခံ ဖြစ်သည့် အသက် ၂၆ နှစ် အရွယ် မမြတ်မိုးလတ်ဆိုသူ တစ်ဦး ဖြစ်ပြီး ကျန်တစ်ဦးမှာ မန်းကျဉ်းကုန်းရွာခံ တစ်ဦး ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

“မြိတ်ဒေသခံ အမျိုးသမီး တစ်ဦးရဲ့ အလောင်းကတော့ ပုလော ဆေးရုံကနေ မနေ့ ညနေပိုင်းက မြိတ်မြို့က နာရေးကူမှု အသင်းရုံးကို သယ် ဆောင်လာတယ်”လို့ မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပြော သည်။

ထိုကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်များတွင် PDF အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးရခြင်းဖြစ် ကြောင်း စွပ်စွဲထားပြီး ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း တိုက်ပွဲအတွင်း ၎င်းတို့ဘက်က အပစ်အခတ် ခေတ္တရပ်စဲထားကြောင်း ပြောကာ ထိုအချက် မမှန်ကြောင်း ငြင်းဆိုထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောဆိုထားသည်။

ထို့ပြင် ယမန်နေ့ မနက် ၆ နာရီ ၀န်းကျင်က ပုလောမြို့နယ် တန်းမြင့် စစ်အခြေခံ သင်တန်းကျောင်းက ထွက်လာသည့် ယာဥ်တန်းကို ကာ ကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အခြား စစ်ကောင်စီ ဂိတ်စခန်း နှစ်ခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်ကို ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် စစ်ကောင်စီက ကြေညာထားသည် ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s