မင်းလှမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးပြီး စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၃ ဦး ပစ်ခတ်ခံရကာ သေဆုံး

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ မီးလောင်ကုန်းအုပ်စုအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာ သောအကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Southern Magway People ‘s Defence Force ထံမှ သိရ သည်။

မေလ ၂၂ ရက်နေ့က အထက်မင်းလှမြို့နယ်၊ မီးလောင်ကုန်းအုပ်စုအတွင်းသို့ အင်းအား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့တွင် မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာအတွင်းနေ ပျူစောထီး ရဲကိုကို သည် စစ်မှု ထမ်းဟောင်းတစ်ဦး ဖြစ်ပြီး ရပ်ရွာပြည်သူအပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ စစ်ကြောင်းများတွင် လမ်း ပြအဖြစ်လိုက်ပါဆောင်ရွက်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို လိုက်လံ စုံစမ်း မှုများ ပြုလုပ်၍ နယ်ခံ စအဖ အဖြစ်လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၂၂ ရက် နေ့ ကပစ ၂ မှ ဒုတပ်ကြပ်တင်ကြည်သည် အရပ်သားအသွင်ယူပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို လိုက်လံစုံစမ်းစဉ် ဖမ်းမိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထား စဉ် လက်နက်လုယူထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ဖမ်းခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့ မင်းလှမြို့နယ်၊ မဒိုင်းကျေးရွာနေ ပျူစောထီးခေါင်းဆောင် အောင်သောင်းသည် ကြံ့ဖွတ်ပါတီတွင် အမာခံ ရပ်ကျေးဥက္ကဌအဖြစ် လုပ်ကိုင်ကာ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း CDM များ၊ တက်ကြွလှုပ်ရှားသူများ၏ သတင်းများကို လိုက်လံစုံစမ်းခြင်း၊ ထောင်ထွက် လူမိုက်များနှင့်ပူးပေါင်းကာ ပျူခေါင်းဆောင်အဖြစ် လုပ်ကိုင်ပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းတိုက်ခိုက်မှုများကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မကွေးတောင် ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Southern Magway People ‘s Defence Force)၊ အရှိုချင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(ACDF)၊ Key of Revolution ပျောက်ကြားတပ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထောင်ချ၊ အနိုင်ကျင့်မီးရှို့သတ်ဖြတ် လုယက်နေသော အ ကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ် သက်နေသော မင်းလှမြို့နယ်အတွင်းရှိ လူပုဂ္ဂိုလ်များ၏ အမည် စာရင်း များကိုရရှိထားပြီးဖြစ်ရာ ထောက်လှမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်၍ ခိုင်လုံသော သက်သေ အထောက်အထားများ တွေ့ရှိပါက ၎င်းအကြမ်းဖက်သမားများအား သုတ်သင်ရှင်းလင်းသွားမည်ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s