ရွှေဈေး၊ ဒေါ်လာဈေး ဆက်လက်မြင့်တက်လာ

စစ်ကောင်စီဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ  ၂၁၀၀ အဖြစ် သတ်မှတ်ထားပေမယ့် လက်ရှိ ပြင်ပနိုင်ငံခြားငွေစျေးကွက်မှာ တစ်ဒေါ်လာကို  ၂၉၁၀ ကျပ်အထိ မြင့်တက်ရောက်ရှိနေပါတယ်။

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က တစ်ဒေါ်လာကို ၂၈၇၀ ကျပ် ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်း တစ်ဒေါ် လာကို ကျပ် ၄၀ ခန့် အထိ မြင့်တက်လာပါတယ်။ 

လက်ရှိမှာ အမေရိကန်တစ်ဒေါ်လာကို ဝယ်ဈေး ၂၈၉၅ ကျပ်၊ ရောင်းဈေး ၂၉၁၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ပေါ် နေတယ်လို့ ပြင်ပ နိုင်ငံခြား ငွေ စျေးကွက်အတွင်းက သိရပါတယ်။

“ဒေါ်လာဈေးက ဒီရက်ပိုင်း  ပြန်တက်လာတယ်၊၊ အရင်ရက်က  ဝယ်ဈေး ၂၈၅၀ ကျပ်လောက်ပဲ ရှိတယ်” လို့ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ် ငန်းလုပ်ကိုင်သူ တဦးက ပြောပါတယ်။

လတ်တလော ကမ္ဘာရွှေဈေး အကျဘက်ကို ရောက်နေပေမယ့်‌ ပြည်တွင်းရွှေဈေးကလည်း ဒေါ်လာဈေးနဲ့အတူ လိုက်ပါမြင့်တက်လာပါတယ်။

ပြင်ပဈေးကွက်မှာ အကယ်ဒမီ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၀၅၀,၀၀၀ အထိ အရောင်းအဝယ် ဖြစ်ပေါ်နေပြီး  တစ်ပတ်အ တွင်း ကျပ် ၄၀၀၀၀ ဝန်းကျင် မြင့်တက်လာပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEAရဲ့ ရည်ညွှန်းဈေးကတော့  မေ၂၅ ရက် နေ့လယ်ပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၂၃၀၄၄၀၀ ကျပ် သတ်မှတ်ထားပါတယ်။ 

အသင်းရဲ့ သတ်မှတ်ဈေးက တစ်ပတ်အတွင်း‌ကျပ် ၃၀၀၀၀ ကျော် ပြန်ကျဆင်းခဲ့ပေမယ့်  အမှန်တကယ် အရောင်းအဝယ် ပြုလုပ်တဲ့ ပြင်ပရွှေဈေးကတော့  ဒေါ်လာဈေးနဲ့အတူ လိုက်ပါ မြင့်တက်‌‌နေတာပါ။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ သတ်မှတ်ဈေးနဲ့  ပြင်ပဈေးကွက်ပေါက်ဈေးဟာ တစ်ကျပ်သားကို ကျပ် ၇ သိန်းကျော် ကွာ ဟချက်ရှိနေပါတယ်။

ကမ္ဘာရွှေဈေးကတော့ ပြီးခဲ့တဲ့ မေလ တတိယပတ်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၀၀ အထက် ရှိခဲ့ပြီး လက်ရှိမှာတော့  အမေရိကန်ဒေါ်လာ ၁၉၆၀ ဝန်းကျင်မှာ ဖြစ်ပေါ်နေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s