အခွန်ရှောင်သူများကိုအရေးယူမည်ဟု က လေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အ သိပေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် အခွန်စနစ် လည်ပတ်နိုင်ရေးအတွက် ပညာပေးကာလသတ်မှတ်ပြီးနောက်ပိုင်း အခွန်ရှောင်သူများကို ဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မေလ ၂၄ရက်နေ့တွင် ထုတ်ပြန်သည်။

မေလ ၂၆ ရက်မှစ၍ ၁၀ ရက်တာကို ပညာပေးကာလသတ်မှတ်မည်ဖြစ်ပြီး အခွန်ရှောင်သည့် လုပ်ငန်းရှင်များ၏ပစ္စည်းများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထိန်းချုပ်မှုအောက်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အချင်းချင်းချိတ်ဆက်၍ ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“ ကုန်စည်ဂိတ်တွေနဲ့ ကားသမားတွေကနေ အခွန်မဆောင်ထားတဲ့ပစ္စည်းတွေ၊ အထူးသဖြင့် စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်တဲ့ပစ္စည်းတွေ ကုန်မကူးဖို့၊ အခွန်မဆောင်တဲ့ လုပ်ငန်းရှင်တွေဆီက ပစ္စည်းတွေကို မိဘပြည်သူတွေကနေ မဝယ်ယူကြဖို့နဲ့ အခွန်မဆောင်တဲ့လုပ်ငန်းရှင်တွေကို ပစ္စည်းသိမ်းယူမှာဖြစ်ကြောင်း ပညာပေးမှာပါ” ဟု ကလေးမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက မဇ္စျိမ သို့ပြောသည်။

စစ်တပ်ထုတ်ကုန်များ စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများကို လက်ကမ်းစာစောင်များပြုလုပ်ပြီး ၎င်းတို့၏ စိုးမိုးဧရိယာအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဆိုသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အခွန်ဆောင်ရသော လုပ်ငန်းအားလုံး အခွန်ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းရှင်အဓိကထားသော အခွန်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များရှိနေပြီး အခွန်ကောက်ယူမည့်ကုန်ပစ္စည်း အမျိုးအစားအများအပြားဖြစ်နေသောကြောင့် အခွန်ဆောင်မည့် လုပ်ငန်းရှင်ဘက်က ဆက်သွယ်လာမှသာ အခွန်နှုန်းထားအသေးစိတ်ကို ရှင်းပြနိုင်မည်ဖြစ်ကြောင်း ကလေးမြို့နယ် ပအဖ တာဝန်ရှိသူကပြောသည်။

လုံခြုံရေးအရ အခွန်ကောက်ခံသည့်ပုံစံမှာ လုပ်ငန်းရှင်နှင့်တိုက်ရိုက်ဆက်သွယ်မည်ဖြစ်ပြီး လုံခြုံရေးမကျိုးပေါက်စေရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ ဘက်မှ ပြည်သူ့အစိုးရအား ပူးပေါင်းလိုသောစိတ်မျိုး မွေးမြူဖို့ လိုအပ်မည်ဖြစ်ကြောင်း ဆိုသည်။

ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များ၏ ပစ္စည်းများကို ၎င်းတို့ထိန်းချုပ်နယ်မြေများနှင့် မဟာမိတ်ထိန်းချုပ်နယ်မြေများတွင် ရောင်း ချခွင့်မပြုဘဲ သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအားဝန်ဆောင်မှုပေးနိုင်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့် အစိုးရယန္တရားလည်ပတ်နိုင်ရေးအတွက် ပြည် သူလူထုအား ဝန်မပိစေဘဲ လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့်အခွန်စနစ် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ကလေးမြို့ပေါ်၊ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် သပိတ်မှောက်ကုန်စည်များမှအပ အခွန်ထမ်းဆောင်ရန်တာဝန်ရှိကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတိပေးထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s