Monthly Archives: May 2023

မတူပီမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ၈ နှစ်ရွယ်ကလေး ခြေထောက်ပြတ်

ချင်းပြည်နယ် ၊ မတူပီမြို့နယ် လည်မျိုးချောင်းအနီးတွင် မြေမြှုပ်မိုင်း နင်းမိ၍ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက်ပြတ်သွားကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၆ရက် ယနေ့တွင်ထုတ်ပြန်သည်။

ယနေ့မွန်းတည့် ၁၂နာရီခန့်တွင် မတူပီမြို့လောင်ဗန်းရပ်ကွက်နေ ကိုဇော်နှင့် မပန်းပန် တို့၏ သမီး အသုန် ရှစ်နှစ်သည် ဖခင်နှင့်အတူ မင်းတပ် – မတူပီကားလမ်းအတိုင်း ပြည်မဖက်မှ ပြန်လာပြီး လည်မျိုချောင်းအရောက်တွင် ကားရပ်နား၍ ရေခပ်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

မိုင်းဒဏ်ကြောင့် သမီးငယ်သည် ညာခြေထာက်ပြတ်သွားခဲ့ပြီး ဘယ်ဖက်လက်နှင့် မျက်နှာတွင် ဒဏ်ရာရရှိသွားကာ မတူပီ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ ကြောင်းသိရသည်။

“လည်မျိုချောင်းပတ်ဝန်းကျင်အထိက စကစ တွေမကြာခဏလာတတ်တဲ့နေရာဆိုတော့ စကစတပ်ထောင်ထားတဲ့မိုင်းလို့ပဲ ယူဆပါတယ် ။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်လုပ်မိုင်းဆိုရင် ပွဲချင်းပြီးသေဆုံးနိုင်တဲ့အခြေအနေရှိပါတယ်” ဟု မတူပီမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ပါထောင်း က မဇ္စျိမ ကို ပြောသည်။

လည်မျိုချောင်းတံတားသည် မတူပီမြို့နှင့် နီးကပ်သောနေရာတွင် တည်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အနားကပ်ရန်မလွယ်ကူကြောင်းဆိုသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မကြာမြင့်မီကာလတွင် ချင်းလူ့အခွင့်အရေးအဖွဲ့ နှင့်ပူးပေါင်းပြီး မြေမြှုပ်မိုင်း အန္တရာယ်နှင့်ပတ်သက်သော ပညာပေးမှုများ ပြုလုပ်သွားရန်အစီစဉ်များရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့နှင့် CDF – Matupi တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို အလေးအနက်လိုက်နာကြရန်လိုအပ်ကြောင်း ၊ မလိုအပ်ဘဲ မြစ်ချောင်းများ ၊ လမ်းဟောင်းများကို မသွားကြရန်နှင့် စစ်ဖြစ်ပွားဖူးသည့်နေရာများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ခွင့်ပြုချက်မရှိဘဲ မသွားကြရန် ပြန်ကြားရေးတာ ဝန်ခံက သတိပေးပြောဆိုခဲ့သည်။

မေလ ၂၄ရက်နေ့ကလည်း ဟားခါးမြို့ ၊ မြိုသစ်ရပ်ကွက် ဂေါက်ကွင်းအနီးတွင်နေထိုင်သူ ဦးချန်ကီယာန်းသည် နံနက် ၁၁ နာရီဝန်းကျင်တွင် ဟားခါးမြို့ပြင် နည်းပညာကျောင်းနှင့် ဝန်ကြီးအိမ်ယာအကြား အနီးတစ်ဝိုက်သို့ ဆိတ်အစာရှာထွက်စဉ် မိုင်း နင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ယင်းမိုင်းနင်းမိသူ ပြန်မလာသဖြင့် မေလ ၂၅ရက် နံနက် ၈နာရီဝန်းကျင်တွင် လူငါးယောက်သွားရောက်ရှာဖွေရာ မိုင်းထပ်မံပေါက်ကွဲသဖြင့် ငါးဦးစလုံး ဒဏ်ရာ အပြင်းအထန်ရရှိပြီး ဟားခါးမြို့ဆေးရုံတွင် ကုသမှုခံနေရကြောင်း သိရှိရသည်။ mizzima

ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ တစ်ရက်တည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာ်သို့ ပြောဆိုသည်။

မေ ၂၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး ခဲ့ပြီး လက် ရှိချိန်တွင် ကျေးရွာ ၅ ရွာ မီးရှို့ဖျက်ဆီးခံထားရကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှာ မိဖုရားရွာ၊ လှေခုတ်ရွာ၊ နွယ်နီကျေးရွာ၊ ဆင်တဲရွာနှင့် ပေါက်အူရွာတို့ဖြစ်ကြောင်း သိရှိရသည်။

“နံနက်ပိုင်းက စပြီး စစ်ခွေးတွေက မီးရှို့နေတာ နံနက်ပိုင်းက မိဖုရားရွာ ညနေပိုင်းမှာ ဆင်တဲ၊ ကြွယ်ကုန်း၊ နွယ်နီ၊ ပေါက်အူကိုရှို့နေတာပါ။ မီးရှို့ခံရတဲ့ အိမ်ခြေ မသိသေးဘူးခင်ဗျ၊ ခွေးတွေ ရှိနေတုန်းမို့” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်တဲရွာ၊ ကြွယ်ကုန်းရွာ၊ နွယ်နီရွာ၊ ပေါက်အူရွာတို့ကို ဝင်‎ရောက် မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ khit thit

မြောက်ဒဂုံတွင် အမျိုးသားရေးလှုပ်ရှားသူ ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗထူးလမ်းနဲ့ ဇေယျာသီဒ္ဓိလမ်းထောင့်က ရွှေသုခလက်ဖက်ရည်ဆိုင်မှာ ဒီနေ့ မေ ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲက အမျိုးသားရေးလှုပ်ရှားသူတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီက အမျိုးသားရေးလှုပ်ရှားရေးသူတဦးကို ရွှေသုခလက်ဖက်ရည်ဆိုင်မှာ ထမင်းစားနေစဥ် အမည်မသိ လူငယ်တဦးက သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက မြောက်ဥက္ကလာမှာနေတာ၊ ဒီရပ်ကွက်က မဘသတွေဆီလာရင်း အပစ်ခံရတာဖြစ်မယ်။ အခု သေနတ်နဲ့ပစ်ခံရတဲ့ ဦးတင့်လွင်က နာ မည်ကြီးပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း မြောက်ဥက္ကလာမှာ အပစ်ခံရသေးတယ်။”

သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဦးတင့်လွင်မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးပြီး စစ်ကောင်စီတပ်က မြောက်ဥက္ကလာဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ဦးတင့်လွင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက် မနက် ၁၀ နာရီခွဲက မြောက်ဥက္ကလာပမြို့နယ်၊ က ရပ်ကွက်၊ မေယု ၄ လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ကော့ကရိတ်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ကျေး ရွာများကို ပစ်ခတ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNU ၊ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ၂၅ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်တွင် ကော့ကရိတ်မြို့အနီး တမိုင်ကုန်းကျေးရွာကို စစ်ကောင်စီ၏ ကော့ကရိတ်မြို့အခြေစိုက် ခလ ရ(၉၇)တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

“မနေ့က စပစ်ကြတာ ကော့ကရိတ်မြို့ထဲပဲ တိုက်ပွဲမဖြစ်တာ၊ ဘေးနားကရွာတွေမှာ နေ့တိုင်းလိုလိုဖြစ်နေတာ ခလရ(၉၇)တပ်ရင်းကလည်း နေ့တိုင်းကို လက်နက်ကြီးတွေပစ်ထုတ်နေတာ တချို့ရွာတွေဆို မီးလောင်ပျက်စီးပြီး လူတွေလည်းထွက်ပြေးနေကြပြီ”ဟု ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တမိုင်ကုန်းကျေးရွာနေ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့အနီး တိုက်ပွဲများကြောင့် ကျုံဒိုးမြို့အပါအဝင် ကျေးရွာ‌ခြောက်ရွာ‌ကျော်မှ ဒေသခံများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလ၂၂ရက်နေ့ကလည်း စစ်ကောင်စီ၏ ခလရ(၉၇)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တမိုင်ကုန်းကျေးရွာရှိ ကုန်စုံဆိုင်ပေါ်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဆိုင်မီးလောင်ပျက်စီးသွားခဲ့သည်။

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကာ စစ်ကောင်စီတပ်ဖွဲ့က ကော့ကရိတ်မြို့အဝင်လမ်းများကို မေလ ၁၄ ရက်နေ့မှ စတင်ပြီးဖျက်ဆီးထားကြောင်းလည်း သိရသည်။ mizzima

အရာတော်၊ မကျီးစောက်ရွာရှိ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ကျေးရွာနေ ပြည်သူများ ဆေး ဝါး နှင့် စားနပ်ရိက္ခာတို့ အရေးပေါ် လိုအပ်နေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ရွာရှိ ပြည်သူ တစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မကျီးစောက်ရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူ မချိုကို ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” အရာတော်မြို့နယ်၊ မကျီးစောက်ရွာမှာ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ အမျိုးသမီး ၁ ဦးကို စစ်ခွေးတွေက ပစ်သတ်သွားတယ်။ ပျောက်နေတဲ့ သူတွေလည်းရှိတယ်။ အရေအတွက် တော့ မသိရသေးဘူး။ စစ်ခွေးတွေဖမ်းသွားတာလား လူစုကွဲနေတာလား မသိရသေးဘူး။ ဆေးဝါ၊ စားစရာနဲ့ မိုးကာဝံ အရေးပေါ် လိုအပ်နေတယ်။ ပထမအကြိမ် စစ်ခွေးတွေ မီးရှို့သွားတုန်းက ဘာအကူညီမှ မရခဲ့ဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

မကျီးစောက်ရွာသည် အိမ်ခြေ ၆၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျေးရွာအတွင်း ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ကာ ယခု ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးခံရသောကြောင့် နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ khit thit

ဒေါ်လာ ဝယ်ယူစုဆောင်းလျှင် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ် သတိပေး

ပြည်တွင်းငွေကြေးစျေးကွက်မှာ အမေရိကန်ဒေါ်လာဈေး ထိုးတက်နေချိန် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကို မလိုအပ်ဘဲ ဒေါ်လာဝယ်ယူစု ဆောင်းခြင်းမပြုဖို့ စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးချက် ထုတ်ပြန်ပါတယ်။

ပို့ကုန်လုပ်ငန်း ဆောင်ရွက်‌‌နေသူတွေကိုလည်း သတ်မှတ်ကာလအတွင်း ဘဏ်တွေဆီ နိုင်ငံခြားငွေ ပြန်လည်ရောင်းချခြင်းမရှိရင် အရေးယူသွား မယ်လို့လည်း ထပ်ဆင့် သတိပေးထားပါတယ်။

ဒါ့အပြင် Export Earning (ပို့ကုန်ရငွေ) ပြန်လည်ဝင်ရောက်မှု အခြေအနေနဲ့ ဘဏ်တွေက ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထုတ်လွှင့်ပြီး ငွေကြေးစနစ် မတည်ငြိမ်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုထားပြီး ကောလာဟလတွေနဲ့ ဈေးကစားတာ၊ ဈေးကွက်ပေါက်ဈေးထက် ပိုပြီး အရောင်းအဝယ် ပြုလုပ်နေတာတွေကိုလည်း မကြာခဏ တွေ့နေရတဲ့အတွက် အဲဒီဖြစ်စဉ်တွေမှာ ပြည်တွင်းဘဏ်တွေရဲ့ ပါဝင်ပတ်သက်မှုရှိပါက အရေးယူမယ်လို့လည်း ဘဏ်တွေကို စစ်ကောင်စီက သတိပေးထားပါတယ်။

လက်ရှိ နိုင်ငံခြားငွေဈေးကွက်မှာတော့ အမေရိကန် ဒေါ်လာငွေလဲနှုန်းက ဆက်တိုက် မြင့်တက်နေပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၂,၉၅၀ အထက်အထိ ရောက်ရှိနေပြီး ဈေးတည်ငြိမ်မှု မရှိသေးဘူးလို့ သိရပါတယ်။

ဒေါ်လာ‌ဝယ်ရောင်းလုပ်ကိုင်သူတဦးက “တက်တာကတော့ အရင်ရက်တွေကတည်းက နည်းနည်းချင်းတက်နေတာပဲ။ ဒီရက်ပိုင်းကျတော့ အ တက်ကြမ်းလာတယ်။ တောက်လျှောက်တက်တာ။ အခုထိလည်း ဈေးမငြိမ်သေးဘူး” လို့ ပြောပါတယ်။

ဒေါ်လာစျေးနဲ့ တွက်ချက်ရောင်းဝယ်တဲ့ ပြည်တွင်းရွှေစျေးကလည်း ဒီနေ့ နေ့လယ်ပိုင်းမှာ တကျပ်သားကို ကျပ် ၃,၀၈၀,၀၀၀ ကျော်အထိ ထိုးတက်လာပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ပို့ကုန် သွင်းကုန်သမားတွေအတွက် ‌ဒေါ်လာနဲ့ မြန်မာငွေတွေကို ဘဏ်တွေကတဆင့် ပံ့ပိုးပေးနေတာဖြစ်လို့ လိုအပ်ချက်ရှိရင် တင်ပြဖို့ တိုက်တွန်းထားပြီး ကောလာဟလတွေနဲ့ ဈေးကစားခြင်းပြုလုပ်ရင် ထိထိရောက်‌ရောက် အရေးယူသွားမယ်လို့ သ တိပေးထားပါတယ်။ DVB

ဆီဆိုင်နှင့် ပင်လောင်းရှိ စစ်ဘေးရှောင် ၁၆,၀ ၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံ တွေ့နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ဘေးရှောင်အရေအတွက် ၁၆,၄၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုများလည်း ကြုံတွေ့နေရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင် ၈,၄၀၀ ကျော်နှင့် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင် ၈,၀၀၀ ၀န်းကျင်ရှိကြောင်း ရှမ်းပြည်တောင်ပိုင်း၌ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အလှူရှင်များနည်းပါးလာပြီး နိုင်ငံတကာ အကူအညီများလည်း မရရှိသည့်အတွက် စားနပ်ရိက္ခာပြတ် လပ်လာပြီး စစ်ဘေးရှောင်အများစုမှာ ပန်းရံနေ့စားလုပ်ကိုင်ပြီး ရှာဖွေစားသောက်နေရသကဲ့သို့ ချေးငှားပြီး စားသောက်နေရသူများ လည်းရှိကြောင်း သိရသည်။

“ဆီဆိုင်မှာတော့ နေရာတော်တော်များများ စားနပ်ရိက္ခာပြတ်သွားပြီ။ အလှူရှင်လည်း မလာတာ နှစ်လကျော် သုံးလနီးပါး ရှိတဲ့အခါကျတော့ တော်တော်များများ စားနပ်ရိက္ခာပြတ်ကုန်ပြီ။ လောလောဆယ်တော့ ရှစ်ထောင်၀န်းကျင်ရှိတယ်။ တချို့ကတော့ အခံနည်းနည်းပါတဲ့လူက တော့ ခံသေးတာပေါ့။ မပါတဲ့လူကတော့ နေ့စားခေါ်တဲ့သူရှိရင် နေ့စားလိုက်ပြီး စားနပ်ရိက္ခာဖြေရှင်းရတာပေါ့။ အလုပ်ကလည်း ပုံမှန်နေ့တိုင်းမရှိတဲ့အခါကျတော့ သူတို့အတွက် ခက်ခဲတာပေါ့”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်သို့ ကရင်နီပြည်နယ် ဒီးမော့ဆိုမှ စစ်ဘေးရှောင်များ အများဆုံးလာရောက်ပြီး ဖရူဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း၊ လွိုင်ကော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ စစ်ဘေးရှောင်အချို့လည်း လာရောက်ကြကြောင်း သိရသည်။

စစ်ဘေးရှောင်များအနေဖြင့် နေ့စားလိုက်ပါက တစွနေ့လျှင် ကျပ် ၆,၀၀၀ ၀န်းကျင်သာရရှိပြီး အလုပ်အကိုင်မရသည့်နေ့လည်းရှိကြောင်း ဒီးမော့ဆိုမြို့နယ်မှ ဆီဆိုင်မြို့နယ် ဘုရားဖြူမွေတော်ကျောင်းသို့ လာရောက်စစ်ဘေးရှောင်သူတစ်ဦးက ပြောသည်။

“အခုက ဆန်ကျတော့ ကုန်တော့ ကုန်ခါနီးပြီ။ နည်းနည်းပဲကျန်တော့တယ်။ အယောက်တိုင်းပါပဲ ။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ နေ့စားသွားတာလည်း နည်းနည်းပါးပါးလောက်ပဲ ဟင်းသီးဟင်းရွက်၀ယ်တာ အဲ့ဒီလိုမျိုးပဲရတယ်လေ”ဟု အဆိုပါ စစ်ဘေးရှောင်ကပြော သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင်လည်း စစ်ဘေးရှောင်များအတွက် ခြောက်လပိုင်းခန့်အထိ ဆန်ရိက္ခာ အဆင်ပြေနိုင်သေးသော် လည်း နောက်ပိုင်းတွင် လွန်စွာ အကျပ်အတည်းရှိလာနိုင်ကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူ နောက်တစ်ဦးကပြောသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်ထက်ဝက်ခန့်မှာ အပြင်တွင် နေ့စားတောင်ယာစိုက်ခြင်း၊ အခြားမြို့သို့ သွားရောက်ကာ ဆောက် လုပ်ရေးလုပ်ငန်းခွင်၊ ကား၀ပ်ရှော့တို့တွင် လုပ်ကိုင်ခြင်းများလည်းရှိကာ သက်ကြီးပိုင်းများ၊ ရောဂါသည်များ၊ ကလေးမိခင်များစသည့် အလုပ်မလုပ်နိုင်သူများမှာမူ စစ်ဘေးရှောင်စခန်းများ ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်အများအပြားရှိသော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ လာရောက်လှူဒါန်းမှုများ မရှိသည့်အပြင် ယခု နောက်ပိုင်းတွင် အခြားပြင်ပအလှူရှင်များလည်း လာရောက်မှုမရှိတော့​ကြောင်း အထက်ပါ စစ်​ဘေး​ရှောင် ကူညီနေသူက ပြောသည်။

“အခု အလှူရှင်က မလာတော့ဘူးဖြစ်နေတာ။ အဲ့တာကြောင့် နောက်လာမယ့် နှစ်လ၊ သုံးလ ဆိုရင် ကျွန်တော်တို့ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ နည်းနည်းတော့ စိတ်ဆင်းရဲတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မကြာမီ မိုးရာသီကာလရောက်ရှိတော့မည်ဖြစ်သည့်အတွက် ပင်လောင်းနှင့် ဆီဆိုင်ရှိ စစ်ဘေးရှောင်များအတွက် အဓိကလိုအပ်ချက် စားနပ်ရိက္ခာအပြင် ဆေးဝါးများ၊ ဆေးခြင်ထောင်များ၊ အမိုးအကာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ၊ က ရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက် နှစ်သန်းခွဲကျော်ရှိလာပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar ကမေလ ၈ ရက်နေ့က ထုတ်ပြန်ထား သည်။ mizzima

ရေဦးမြို့နယ်၊ ဖိန်းကားရွာရှိ အသက် ၈၀ အ ရွယ် အဖွားအိုကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာနေ အသက် ၈၀ အရွယ် အဖွားအိုကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦး အခြေပြု People’s Defencse Commrade မှ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်က ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြား သည်။

မေလ ၂၅ ရက် နံနက် နံနက်ပိုင်းက ရေဦးမြို့ပေါ်မှ အင်အား ၁၂၀ ခန့်ဖြင့် ရေဦးမြို့နယ်၊ မြောက်ခြမ်းရှိ ဖိန်းကားရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး ဖိန်းကားကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အသက် ၈၀ အရွယ် ဒေါ်သောင်းကြည်ကို နေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတာက အသေအပျောက်လဲရှိနိုင်တယ်၊ အထိနာပြီး ရွာထဲဝင် ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့သူကို ရက်ရက်စက်စက်မီးရှို့သတ်သွားတာ ရေဦးအထိုင်တပ်မ ၁၁ တပ်ပဲ ရွှေဘိုလက်အောက်ခံတပ်၊ ပျူစော ထီးတွေလဲပါတယ်၊ တခြားဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူတွေတော့မရှိဘူး၊ ရွာထဲမှာ မပြေးနိုင်လို့ကျန် ခဲ့တဲ့သူကိုလည်း သတ်ပြီး အလောင်းဖျောက်ပစ်တဲ့သဘောပဲ၊ အခုချိန်အထိ ဘယ်သူမှ ရွာတွေထဲ ပြန်မ ဝင်နိုင်သေးဘူး” ဟု People’s Defencse Commrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ယမန်နေ့ညက ချောင်းဦးရွာအတွင်း၌ တပ်စွဲကာ ယနေ့နံနက်ပိုင်း တွင် ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ခင်ဦးမြို့နယ် အစပ်ရှိ အောင်သာကျေးရွာပျူစောထီးစခန်းသို့ ဝင် ရောက်တပ်စွဲခဲ့ကြောင်း၊ အောင်သာရွာဘက်မှ ရေဦးမြို့နယ်အနောက်ခြမ်းသို့ ပြန်လာနိုင်သဖြင့် အနောက်ခြမ်းမှ ပြည်သူများမှာလည်း ထိတ်လန့်နေကြရသည်ဟု ဆိုသည်။

ထို့သို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးနေမှုကြောင့် ရေဦးမြို့နယ်၊ မြောက်ဘက်ခြမ်းရှိ ပန်းကုံး၊ ဗိုလ်ရုံ၊ အုန်းနှဲပေါင်း၊ ဖိန်းကား၊ ချောင်းဦး၊ ဇီးကန်၊ စခန်းသာ၊ မုံတိုင်ပင်၊ ကံပေါက်၊ ဆပ်သေ၊ အင်တော စသည့်ကျေးရွာများမှ ပြည်သူ ၅၀၀၀ နီးပါ ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေရကြောင်း အရေးပေါ် စားနပ် ရိက္ခာ အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ khit thit

နာဂဒေသက တောင်သူများ ‌လက်မှုလယ်ယာသာစနစ်ဖြင့်သာ လုပ်ကိုင်နေရဆဲ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်ခွဲ ပန်ဆောင်မြို့နယ်က တောင်ပေါ်မှာရှိနေတဲ့ အင်းကြီးရဲ့ ပတ်လည်မှာ လယ်လုပ်တဲ့ရွာတွေဟာ ၂၀၂၃  ခုနှစ်ထိ လက်မှုလယ်ယာစနစ်နဲ့ပဲ လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။

ဒေသခံ တောင်သူတဦးက “လက်နဲ့ထွန်တယ်ဆိုတာက လယ်ကို ပေါက်ပြားနဲ့ ပေါက်တာကို ပြောတာပါ။ ပထမတခါ ပေါက်ပြီးရင် နည်းနည်းနှပ်ထားပြီး ပေါက်ပြားနဲ့ ထပ်ပေါက်တာပါ။ အဲဒီနောက်မှာမှ  ရှိတဲ့သူတွေက ကျွဲ နွားနဲ့ ထွန်ယက်ပြီး ကျွဲနွားမရှိသူတွေက ခြေထောက်နဲ့ မြေစာမွကြေအောင် လိုက်နင်းခြေရတာပါ” လို့ ပြောပါတယ်။

ပထမဆင့်ကနေ ပြီးတဲ့အထိ လူကပဲ ပေါက်ပြားနဲ့ပေါက်ပြီး လယ်လုပ်တာကို လက်နဲ့ထွန်တာလို့ ပြောကြပါတယ်။ တနယ်လုံးကလည်း အဲလိုပဲ လုပ်ကြရတာပါ။

ကန်သင်းရှင်း ရေသွယ်တာတွေကို ပြောတာမဟုတ်ဘဲ လယ်ယာထွန်ယက်မှုကို အစအဆုံး လူလုပ်အားနဲ့ ပေါက်ပြားတလက်နဲ့ လယ်ညက်အောင် လုပ်ကြဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောင်ယန်းအင်းအထိ နေထိုင်ရာရွာတွေကနေ သွားရတာပါ။ မနက် ၈ နာရီလောက်မှာ သွားပြီး ညနေ ၄ နာရီခွဲမှာ အလုပ်သိမ်းတယ်လို့ ဆိုပါတယ်။

တဧကအတွက် ပထမဆင့်ကို ၂ ပတ်လောက်ပေါက်ရပြီး ၁ ပတ်လောက် မြေသိပ်ထားပြီးမှ  ပေါက်ပြားနဲ့ ထပ်ပေါက်တာပါ။ အဲဒီနောက်မှာမှ နွားနဲ့ ထယ်ထိုး ဒါမှမဟုတ် ခြေထောက်နဲ့ နင်းခြေ မြေဖွပြီး စပါးစိုက်ပျိုးကြတယ်လို့လည်း ပြောပါတယ်။

မေလကနေ ဇွန်လလောက်ထိ စပါးစိုက်ဖို့ မြေပြုပြင်ကြပြီး ဇူလိုင် ဒုတိယပတ်အထိ စပါးစိုက်ကြရပါတယ်။ လယ်သူရင်းငှား မရှိပေမဲ့ လက် စားနဲ့ အချင်းချင်းကူတဲ့စနစ်က ရှိနေပါတယ်။ လယ်စိုက် လူငှားစရိတ်တွေ မလိုဘဲ မိသားစုတွေ အတူကြိုးစားကြရပါတယ်။

၁ ဧကအထွက်နှုန်း တင်း ၁၀၀ ကျော်တော့ ထွက်တတ်ပြီး လယ် ၃ ဧကထိ ပိုင်တဲ့သူ မရှိဘူးလို့လည်း ပြောပါတယ်။

နောင်ယန်းအင်း ရေကြီးရင်တော့ စပါးမစိုက်နိုင်ဘဲ ရေကျတဲ့အချိန်စောင့်ရင်း စပါးစိုက်ချိန် လွန်သွားတာမျိုးဆိုရင် ၁ နှစ်စာ ဝမ်းစာမဖူလုံတော့ဘူး။ အဲဒါကြောင့် နောင်ယန်းအင်းနဲ့ ဒကင်းမ်ချောင်ရေကြီးလို့ စပါးစိုက်ပျိုးဖို့ နောက်ကျတိုင်း အစိုးရက  ရေလွှဲမယ့်ဟာမျိုး လုပ်ပေးရင် ကောင်း မယ်လို့ တနယ်လုံးကလူတွေ ဆန္ဒရှိကြတယ်လို့ ဆိုပါတယ်။

မေလဆို ပန်ဆောင်က မိုးတွေစရွာပြီမို့ ရေရှားမှာ မပူရတော့ပေမဲ့ ရေကြီးရင် စပါးစိုက် နောက်ကျရမယ့် စိန်ခေါ်မှုက အမြဲရှိနေတယ်လို့ ဒေ သခံတွေက ဆိုပါတယ်။

မြန်မာနိုင်ငံက သားချင်း ပန်ဆောင် နာဂတောင်သူတွေဟာ ခုချိန်ထိ လက်မှုလယ်ယာစနစ်မှာပဲ ရှိနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ DVB

« Older Entries