ကလေးမြို့တွင် ရိက္ခာထွက်ယူသည့် စစ်ကောင် စီတပ်သားများ ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက် အထက ၈ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး မိသားစုဝင်တွေက ရိက္ခာလာပို့လို့ ကျောင်းပေါက်ဝမှာ ထွက်ယူစဉ် ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မေ ၂၄ ရက် မနက် ၉ နာရီလောက်က ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့က အထက ၈ စာသင်ကျောင်းအနီးမှာ ရိက္ခာထွက်ယူလာတဲ့ စစ်သား ၃ ဦးကို အလစ်အငိုက် ပစ်ခတ်ခဲ့တာလို့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြို့ထဲကို အခြေအနေသွားကြည့်ရင်း အလစ်အငိုက်ဝင်ပစ်ခဲ့တာ။ စစ်သားတွေတော့ မထိခိုက်ခဲ့ဘူး။ သူတို့ကို ရိက္ခာလာပို့တဲ့ မိသားစုဝင် အ မျိုးသမီးတယောက်တော့ ကျည်ဆန်ထိမှန်ပြီး လမ်းဘေးမြောင်းထဲကျသွားတာ မြင်ခဲ့ရတယ်။”

အဆိုပါပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်သား‌တွေက လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ပွားရာအနီးက ဒေသခံနေအိမ်တွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့သေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့အနောက်ပိုင်း ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ တာဟန်းရပ်ကွက်နဲ့ တောင်ဇလပ်ရပ်ကွက်ဘက်တွေမှာ နေ့စဉ်နီးပါး ပစ် ခတ်မှုတွေရှိနေတာကြောင့် ဒေသခံ‌တွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးရာမှာ နေထိုင်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s