စစ်ကောင်စီအရာရှိများကို နယူးဇီလန် ပြည်ဝင်ခွင့်ပိတ်

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချရန်နှင့် ထိုလုပ်ဆောင်မှုကို ဆန့်ကျင်ကြောင်းပြသရန် စစ်ကောင်စီအရာရှိများကို နယူးဇီလန်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သည်ဟု နယူးဇီလန်အခြေစိုက် Newsroom သတင်းဌာနက ဖော်ပြသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အာဆီယံနိုင်ငံများမှ လူငယ်သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ နယူးဇီလန်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်မည့် အစီအစဉ်ရှိသော်လည်း ထိုခရီးစဉ်တွင် မြန်မာနိုင်ငံကို ချန်လှပ်ထားရန် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta က ပြောဆိုထားသည်။

နယူးဇီလန်သည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု အကန့်အသတ်ဖြင့် ဆက်လက်ရှိနေခဲ့ပြီး အဆင့်မြင့် နိုင်ငံရေးအဆက်အသွယ်များကိုမူ ဆိုင်း ငံ့ထားကာ စစ်အစိုးရ၏ လုပ်ရပ်များကို ရှုတ်ချထားသည်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နယူးဇီလန်နိုင်ငံက ဒေါ် လာ ၃၁ သန်းကျော် ပံ့ပိုးပေးခဲ့သည်၊ ထိုငွေများသည် စစ်ကောင်စီအတွက် မဟုတ်ဟုလည်း နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

နယူးဇီလန်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ မှ ၂၁ အထိ ကျင်းပခဲ့သော မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်သည့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအစည်းအဝေးကို မတက်ဘဲ သပိတ်မှောက်ခဲ့သည်။

စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ သုံးသပ်မှုတစ်ခုကိုလည်း မေလ ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပကော်မရှင်နှင့် ဥရောပသမဂ္ဂတို့က ယင်းတို့ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများအပေါ် ပြန်လည်သုံးသပ်ကြခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည် စစ်ခေါင်းဆောင်များအပါအဝင် ယင်းတို့နှင့် ဆက်စပ်နေသည့် လူပေါင်း ၈၀ ကျော်နှင့် လုပ်ငန်း ၃၀ ကျော်ကို ဒဏ်ခတ်အရေးယူထားသည်။ ဗြိတိန်၊ ဥရောပသမဂ္ဂတို့ကလည်း အမေရိကန်နည်းတူ ဒဏ်ခတ်ထားကြသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s