စမ်းချောင်းတွင် လူငယ် ၁၆ ဦးအား အရပ်ဝတ်စစ်ကောင်စီတပ်သားများက လိုက်လံဖမ်းဆီး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်မှ လူငယ် ၁၆ ဦးအား အရပ်ဝတ်စစ်ကောင်စီတပ်သားများက မေလ ၂၅ ရက်က တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“အစက ကောင်လေးနှစ်ယောက်ကိုဖမ်းသွားတာ၊ သူတို့လာတဲ့အချိန်မှာလည်း လက်ထဲမှာ စာရွက်ပါလာတယ်။ နာမည်စာရင်းဖြစ်ဖို့များတယ်။ နောက်တော့ ဖမ်းခံရတဲ့ကောင်လေးတွေကိုမေးပြီး နောက်ထပ်တစ်အိမ်ကိုသွားဖမ်းတယ်။ အဲ့မှာကြတော့ ဒီရက်ပိုင်းမှာဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ထုတ်ဆိုပြီးတော့ စစ်တယ်။ စစ်ပြီးတော့ အိမ်တော်တော်များများဝင်ဖမ်းပြီး ၁၆ ယောက်ကို ကားပေါ်တင်ဖမ်းသွားတယ်။” ဟု ရပ် ကွက် နေပြည်သူများထံကတစ်ဆင့် သိရသည်။

ဖမ်းဆီးသည့်ဖြစ်စဉ်မှာ မေလ ၂၅ ရက် နံနက်အစောပိုင်း ၂ နာရီခွဲမှ ၄ နာရီ အကြားတွင်ဖြစ်ပြီး ဖမ်းဆီးရသည့် အကြောင်းအရင်းအသေးစိတ်အား မသိရှိရသေးသော်လည်း ထိုထဲတွင် ဆရာဝန်နှစ်ဦး ပါဝင်ကြောင်းကို သိရှိရသည်။ ယခင်က ဖမ်းဆီးမှုများတွင် အဖမ်းခံရသူများအား စမ်းချောင်းရဲစခန်းသို့ အရင်ပို့ဆောင်သော်လည်း ယခုဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရပေ။

ဖမ်းဆီးခံရသော လူငယ် ၁၆​ ဦးအနက် နှစ်ဦးမှာပြန်လည်လွတ်မြောက်လာသော်လည်း ကျန် ၁၄ ဦး၏ သတင်းမှာတော့ ပျောက်နေဆဲဖြစ် ကြောင်း ပြောသည်။

“စစချင်းဖမ်းခံရတာ ၁၃ ယောက်၊ နောက်ကျတော့ ကားပေါ်ဖမ်းတင်သွားတာ ၁၆ ယောက်ဖြစ်သွားတယ်။ ဖမ်းသွားပြီးတော့ နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီးတော့ ၁၄ ယောက်ကိုတော့ ဘယ်နေရာခေါ်ထားမှန်းမသိဘူး။ ရဲစခန်းမှာလည်းလုံးဝမရှိဘူး။” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက မဇ္ဈိမ ကို ပြောသည်။

ဖမ်းဆီးမှုဖြစ်ပွားသည့်နေရာမှာ စမ်းချောင်း ၊ ဝေဠုဝန်မြောက်ရပ်ကွက်တွင်ဖြစ်ပြီး ထိုရပ်ကွက်၌ စစ်ကောင်စီသတင်းပေး သုံးဦးရှိကာ အဆိုပါသတင်းပေးများ၏ တိုင်ကြားမှုကြောင့် ဖမ်းဆီးမှုဖြစ်စဉ်ရှိခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကလည်း စမ်းချောင်းတွင် လမ်းသွားလမ်းလာလူငယ်ပါမကျန် စစ်ဆေးဖမ်းဆီးခံရပြီး တစ်ပတ်အတွင်း အယောက် ၃၀ ခန့် ဖမ်းဆီးခံရသည့် အခြေအနေဖြစ်ခဲ့ကာ ထိုကဲ့သို့ ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ရန်ကုန်ရှိ မြို့ပြပြောက်ကျားများကို စစ်ကောင်စီဘက်မှ ဖမ်းမိထားကြောင်းဆိုကာ ပုဒ်မမျိုးစုံတပ်၍ သတင်းထုတ်ပြန်ကြေညာခြင်းများရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s