ဆားလင်းကြီးရှိ တရုတ် ဝမ်ပေါင်ကြေးနီ စီမံ ကိန်း ရဲကင်းဂိတ်ကို ဝင် ရောက် ပစ်ခတ်မှု ရဲ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီ စီမံကိန်း ရဲကင်းဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ ရဲ ၃ ဦးသေဆုံးကြောင်း ဓားမဆိုင်းတပ် မတော် D.M.S.A ၏ အထူးတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ဆားလင်းကြီးမြို့နယ်ရှိ တရုတ် ဝမ်ပေါင် ကြေးနီ စီမံကိန်းအစောင့် ရဲကင်းဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခဲ့ပြီး ဂိတ်စောင့် ရဲ ၃ ဦး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” အဲဒီ တိုက်ခိုက်မှုက ကျည် ၈၀နဲ့ ၉၀ လောက် ကုန်သွားပါတယ်။ ဆားလင်း ကြီးမြို့နယ်အတွင်း စစ်ကောင်စီ ထောက်တိုင်များကို ရှေ့လျှောက် ရှင်းလင်း ရေး လုပ်ဆောင် သွားပါမယ်” ဟု ဓားမဆိုင်းတပ်မတော် D.M.S.A ၏ အထူးတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်း တပ်မတော် D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဦးဆောင်ပြီး ဓားမဆိုင်း တပ်ခွဲ၂ ၊ National Revolution Army တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။khi thit