ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက အောင်ကာလစစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မီးဖွားဖို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းမှာ ရှိတဲ့သူတွေက ပြောပါတယ်။

အခု မေလ တတိယပတ်တုန်းကလည်း စစ်ရှောင်စခန်းမှာရှိတဲ့ အမျိုးသမီးတဦး မီးဖွားတုန်းကလည်း ကျန်းမာရေးဝန်ထမ်းတွေမရှိလို့ ကိုယ် တိုင် မီးဖွားခဲ့ရတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

အဲဒီလို ကိုယ်တိုင် မီးဖွားပြီးနောက်ပိုင်း ကလေးမိခင်အနေနဲ့ ကျန်းမာရေးမကောင်းတာကြောင့် ကုသဖို့ ဆေးဝါးလည်း မရှိတဲ့အတွက် ရိုးရာ ဆေးမြီးတိုတွေနဲ့ပဲ ကုသနေရတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း စစ်ရှောင်စခန်းမှာရှိတဲ့ ၂ နှစ်ခွဲအရွယ် ကလေးငယ်တဦး ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ကုသစရာ ဆေးမရှိတဲ့အတွက် သေဆုံးသွားသလို ကလေးငယ်သုံးဦးကိုလည်း လွိုင်ကော်ဆေးရုံနဲ့ ဆီဆိုင်ဆေးရုံကို အရေးပေါ် ပို့လိုက်ရတယ်လို့ စစ်ရှောင်စခန်းနေ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကလည်း ဒေသခံတွေကို ဖြတ်လေးဖြတ် လုပ်ထားတဲ့အတွက် စားနပ်ရိက္ခာတွေ ပြတ်လပ်နေသလို ဆေးဝါးတွေကအစ ပေးမသယ်တာကြောင့် အခုလို အခက်အခဲ ဖြစ်နေတာလို့လည်း ဆိုပါတယ်။

ဆီဆိုင်မြို့နယ်ထဲမှာ စစ်ရှောင်စခန်း ၃၂ ခုရှိပြီး စစ်ဘေးရှောင်ပြည်သူ ၈,၀၀၀ ကျော်ရှိကာ အများစုက ကရင်နီ(ကယား)ပြည်နယ်က လွိုင်ကော်၊ ဒီးမော့ဆို၊ လွိုင်လင်လေး၊ ဖရူဆို မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တွေကနေ စစ်ဘေး တိမ်းရှောင်လာကြတာလည်း ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s