တောင်ခင်ရန်း ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ၃ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ABSDF စစ်ကြောင်း (၃) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၂၅ ရက် ညပိုင်းတွင် တောင်ခင်ရန်း ရဲစခန်းကို ၆၀ မမ လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ABSDF စစ်ကြောင်း (၃)မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုပြည့်ဖြိုးကျော်က ပြောသည်။

“မေလ ၂၅ ရက်နေ့ ညနေပိုင်း တောင်ခင်ရန်းရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုက ရဲ နဲ့ ပျူသုံး ဦးသေဆုံးပြီး အရာရှိတစ်ဦး ခြေထောက်ထိပြီး ဖြတ်လိုက်ရတယ်လို့ သတင်းပေးတစ်ဦးက ပြောတယ်ဗျ” ဟု ၎င်းကပြော သည်။

တောင်ခင်ရန်းရဲစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးများ မကြာခဏ ဝင်ထွက်သွားလာနေသည့် စခန်းတစ်ခုဖြစ်ပြီး စခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များ နှင့် ပျူ‌စောထီး အင်အား ၄၀ နီးပါးရှိကြောင်း ရဲဘော်ပြည့်ဖြိုးကျော်က ဆိုသည်။

“ဒီရဲစခန်းကို အမှီပြုပြီး မြောက်ခင်ရန်းက ပျူစောထီးတွေဟာ အနီးအနားမှာရှိတဲ့ကျေးရွာတွေကနေ ရိက္ခာတွေ မကြာခဏယူဆောင်လေ့ရှိတယ်” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူအင်အားစုဆောင်းနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိမည်ထင်သည့်နေရာများကို စစ်ကြောင်းထိုး ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း ရဲဘော်ပြည့်ဖြိုးကျော်က ဆိုသည်။

ယခုတိုက်ခိုက်မှုကို ABSDF စစ်ကြောင်း (၃) ၊ အမှတ် (၁၂)တပ်ရင်း၊ ယောဒေသစခန်းမှ ရဲဘော်များ နှင့် ဒေသခံ PDF များ ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s