ထားဝယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ ရဲကင်းနဲ့ ပခပ်ရွာ တောလမ်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ထားဝယ်စုပေါင်းစစ်ကြောင်းက မေ ၂၀ နဲ့ ၂၂ ရက်တွေမှာ လက်နက်ကြီးနဲ့ ၃ ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မေ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေ ၂၀ ရက် ညပိုင်းက ပကာရီရဲကင်းမှာ တကြိမ်နဲ့ မေ ၂၂ ရက် မနက်ပိုင်းမှာ ပခပ်ရွာ အနောက်ဘက်တောလမ်းမှာ နှစ်ကြိမ် စုစုပေါင်း ၃ ကြိမ် လက်နက်ကြီးတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှု ၃ ကြိမ်အတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေကို စစ်ဆေးအတည်ပြုနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါရှိပါတယ်။

မေ ၂၀ ရက်က ထားဝယ်အရှေ့တောဒေသကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အညာဖျားရွာနဲ့ ဥယျာဉ်ရွာအကြား တိုက်ခိုက်ခံရပြီးနောက် ရွာသားတချို့ကို လူသားဒိုင်းလုပ်ပြီး ပကာရီရွာဘက်ကို ပြန်ထွက်သွားတယ်လို့ ထားဝယ် စုပေါင်းစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မေ ၂၀ ရက်ကနေ ၂၂ ရက်အထိ ၃ ရက်အတွင်း ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီတပ် ၅ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လက်ရှိ ထားဝယ်စုပေါင်းစစ်ကြောင်းက အတည်ပြုထားတဲ့ စာရင်းအရ ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ပကာရီရဲကင်းကို ပြီးခဲ့တဲ့ ဧပြီလကလည်း ထားဝယ် စုပေါင်းစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s